နှလုံးသွေးကြောကျဉ်းရောဂါ

နှလုံးသွေးကြောကျဉ်း ရောဂါဆိုတာက နှလုံးသွေးလွှတ်ကြော
နံရံများတွင် အဆီများ စုပုံလာရာမှ သွေးကြောနံရံများထူလာပြီး
သွေးစီးလမ်းကြောင်း ကျဉ်းသွားခြင်း (သို့မဟုတ်)လုံးဝပိတ်သွား
ခြင်းကို ပြောတာပါ။
.
နှလုံးသွေးကြောကျဉ်းရောဂါ အခြေတည်ရန် နှစ်ပေါင်းများစွာ
ကြာသော်လည်း နှလုံးသွေးကြောပိတ်ပြီး နာရီပိုင်းအတွင်း
အရေးပေါ်အခြေအနေသို့ ရောက်ရှိကာ အသက်ဆုံးရှုံး နိုင်ပါတယ်။
.
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားစေတဲ့ အဓိကအကြောင်းရင်း
များကတော့
– အသက် ၆၅ နှစ်နှင့် အထက်၊ အမျိုးသမီးများတွင်
သွေးဆုံးပြီးအရွယ်၊
– မိသားစုမျိုးရိုးတွင် အသက် ၅၀ အောက် နှလုံး
သွေးကြောပိတ် ရောဂါရှိခြင်း၊
– ယခင် နှလုံးသွေးကြောကျဉ်း ရောဂါရှိခြင်း၊
– လေဖြတ်ဖူးခြင်း၊
– သွေးတိုးရောဂါရှိခြင်း၊
– သွေးတွင်းအဆီဓာတ်များခြင်း၊
– အဝလွန်ခြင်း၊
– အဆီစားသုံးမှုများခြင်း၊
– ဆေးလိပ်သောက်ခြင်း၊
– အရက်အလွန်အကျွံသောက်ခြင်း၊
– ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း၊
– စိတ်ဖိစီးမှုများခြင်း
တို့ ဖြစ်ပါတယ်။
ရောဂါရှာဖွေ အတည်ပြုခြင်း
*************************
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊
သွေးစစ်ခြင်း၊
အီးစီဂျီစက်ဖြင့် နှလုံးလျှပ်စီးကြောင်းကို စစ်ဆေးခြင်းတို့ဟာ
ရောဂါ၏ ၅၀% ကိုသာ ဖော်ထုတ်နိုင်ပါသည်။
.
ပြေးစက်ပေါ်တွင် လမ်းလျှောက်၍ အီးစီဂျီစက်ဖြင့်
စစ်ဆေးခြင်းဟာ ရောဂါ၏ ၇၀ %ကို ဖော်ထုတ်နိုင်ပါသည်။
.
Myocardial Perfusion Scan လမ်းလျှောက်စက်ဖြင့်
ပြေးစဉ်ဓာတ်ရောင်ခြည်ဆေးထိုး၍ စမ်းသပ်ခြင်းသည်
၉၀%ကို ဖော်ထုတ်နိုင်ပါသည်။
.
CT Angiogram ဖြင့် နှလုံးသွေးကြောများအား ပုံရိပ်ဖော်
စစ်ဆေးကြည့်ရှုခြင်းသည် ၉၅%ကို ဖော်ထုတ်နိုင်ပါသည်။
.
Coronary Angiogram လက်/ခြေထောက် သွေးကြောမှ
ပိုက်ထည့်ပြီး ဆေးသွင်းကာ ပုံရိပ်ဖော် စစ်ဆေးကြည့်ရှုခြင်း
ကသာ ၁၀၀% ဖော်ထုတ်နိုင်ပါသည်။
.
ရောဂါလက္ခဏာများမှာ ရင်ဘတ်ကို ဆွဲဆုပ်ထားသကဲ့သို့
အောင့်ခြင်း၊ ထိုမှတစ်ဆင့် လက်မောင်း၊ ဘယ်ဘက်ပခုံး၊
လည်ပင်း၊ မေးရိုး၊ လက်နှစ်ဘက်၊နောက်ကျောနှင့်သွားများ
အထိ ပျံ့နှံ့သွားနိုင်ခြင်း၊ အသက်ရှူမဝခြင်း၊ ပျို့အန်ခြင်း၊
ရင်ပူခြင်း၊ ချွေးသာမန်ထက် ထွက်ခြင်း၊ ရင်တုန်ခြင်း၊ နလုံး
ခုန် မမှန်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ အားနည်းကာ
ပင်ပန်းနွမ်းနယ်ခြင်းတို့ ဖြစ်တတ်ပါတယ်။
.
နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားသူ ၃ပုံ ၁ပုံမှာ မိမိတွင်
နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နေကြောင်း ထူးထူးခြားခြား
ရင်ဘတ်အောင့်ခြင်း မခံစားရသောကြောင့် အရေးပေါ် အခြေ
အနေရောက်မှသာ သိကြပါတယ်။
.
နှလုံးသွေးကြောပိတ် ဖြစ်ပွားသူ ၄ဦးတွင် ၁ ဦးသည်
ဆေးရုံမရောက်မီ အသက်ဆုံးနိုင်သောကြောင့် သေပျောက်နှုန်း
၂၅% ဖြစ်ပါတယ်။
ကုသခြင်း
********
သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ အများစုသည် ဖြစ်သည့်နေ့မှစ၍
တစ်သက်တာ ဆေးသောက်သုံးရန် လိုပါသည်။
.
နှလုံးသွေးကြောချဲ့ပြီး သွေးကြောထောက်ကိရိယာ (Stent)
ထည့်၍ ကုသခြင်း။ နှလုံးသွေးကြောဖြတ်ဆက် ကုသခြင်း
(CABG)။ ပိတ်နေသော သွေးကြောများနေရာတွင် မိမိခန္ဓာ
ကိုယ်မှ အခြားကောင်းသော သွေးကြောများဖြင့် သွေးကြော
အစားထိုး ခွဲစိတ်ကုသခြင်း။
.
နှလုံးသွေးကြောကျဉ်းသော ပမာဏသည် ၅၀% နှုန်းနှင့်
အထက်ဖြစ်ပါက နှလုံးအထူးကု ဆရာဝန်ကြီးများက
နှလုံးသွေးကြောချဲ့သောနည်း သို့မဟုတ် နှလုံးသွေးကြော
ဖြတ်ဆက်ကုသခြင်း နည်းများထဲမှ သင့်တော်ရာနည်းဖြင့်
ကုသရန် အကြံပြုပါသည်။
.
နှလုံးသွေးကြောကျဉ်းရောဂါဝေဒနါရှင်များသည် နှလုံးအပေါ်
ဖိအားသက်ရောက်စေမည့် လေးလံသည့်အရာဝတ္ထု ပစ္စည်းများ
သယ်ဆောင်ခြင်းကို ရှောင်ရမည်။
.
ဆရာဝန်ညွှန်ကြားထားသော ဆေးများကို မပျက်မကွက်
သောက်သုံးရမည်။ သွေးကျဲဆေးများအား တစ်သက်တာ
သောက်သုံးရန် လိုအပ်ပါသည်။ အဆီများသော အစားအစာ
များအား လျှော့စားရမည်။ ပဲအမျိုးမျိုး၊ အစေ့အဆံများအား
အနည်းဆုံး ၁ ပတ်လျှင် ၂ ကြိမ် စားသုံးသင့်သည်။
.
ဆေးလိပ်သောက်ခြင်းသည် သွေးကြောများကျဉ်းခြင်း၊
ပိတ်ခြင်းတို့ကို ဖြစ်စေသဖြင့် ဆေးလိပ် ဖြတ်ရမည်။