စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ Clever Animal Show များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြန်လည်စတင်

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များတွင် Clever Animal Show (တိရစ္ဆာန်လိမ္မာပြပွဲ)များဖြင့် ဖျော်ဖြေတင်ဆက်မှုများ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။

ဖျော်ဖြေပွဲများတွင် ဆင်လိမ္မာ၊ မျောက်လိမ္မာ၊ မြွေလိမ္မာ၊ ဝက်ဝံလိမ္မာလေးတို့၏ ပြကွက်များနှင့် မျက်လှည့်ပြကွက်များ ပါဝင်သည့်အပြင် လူနှင့် ရင်းနှီးကျွမ်းဝင်သည့် တိရစ္ဆာန်ငယ်များဖြင့် ဓါတ်ပုံတွဲရိုက်နိုင်သည့် အစီအစဉ်များလည်း ပါဝင်ပါတယ်။

လိမ္မာယဉ်ကျေးသည့် တိရစ္ဆာန်လေးများ၏ ဖျော်ဖြေမှုများကို မိုးတွင်းကာလတွင် ခေတ္တရပ်နားထားခြင်းဖြစ်ပြီး ယခုအခါ မိုးအကုန် ပွင့်လင်းရာသီ ရောက်သဖြင့် ဖျော်ဖြေမှုများကို ပြန်လည်တင်ဆက်ပေးတာဖြစ်တယ်လို့ သိရပါတယ်။

ရုံးပိတ်ရက်ရောက်ရင် မိသားစုအတူ သွားလည်လို့ ရပါပြီနော်…..