AA ကလေးစစ်သား ၁ ဦး ထွက်ပြေး အလင်းဝင်လာ

မနေ့က (နိုဝင်ဘာလ ၁၄ ရက်) မောင်တော၊ ရန်အောင်ပြင်အနီး တိုက်ပွဲမှာ AA ဘက်က ထိခိုက်ကျဆုံးမှုများပြားတဲ့အတွက် စိတ်ဓာတ်ကျဆင်းပြီး AA-23572 တပ်သား ကျော်မင်းဌေး အသက်(၁၇)နှစ်၊ (ဘ)ဦးမောင်ငယ်၊ ကျောက်တော်မြိုနယ်၊ တင်းမရွာဇာတိဖြစ်သူမှာ ညပိုင်းထွက်ပြေးလာပြီး တပ်မတော်စစ်ကြောင်းထံ အလင်းဝင်လာတယ်။

AA အဖွဲ့ ခြေကုတ်ယူထားတဲ့နေရာကို အပေါ်အောက် အမှုန့်ကြိတ်နေတဲ့အတွက် မနေ့ကတစ်ရက်တည်း အယောက် ၅၀ ကျော် သေဆုံးပြီး အများအပြားဒဏ်ရာ ရခဲ့တာကို တွေ့ရအတွက် လူနာများထမ်းပို့ချိန် အပေါ့သွားမယ်လို အကြောင်းပြပြီး ထွက်ပြေးအလင်းဝင် လာတာဖြစ်ပါတယ်။

ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ပြောတာတော့ AA အဖွဲ့အတွင်း ဝင်ရောက်လာသူများပြားဆိုပေမယ့် မြေပြင်မှာတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေကို အတင်းအဓမ္မစုဆောင်းပြီး စစ်တိုက်ဖို့စေခိုင်းတဲ့အတွက် သေဆုံးမှုများပြားနေပါတယ်။

AA အဖွဲ့က ကလေးစစ်သားတွေကို အသုံးပြုနေတာဟာ စစ်ရာဇဝတ်မှု မြောက်ပါတယ်။

ရခိုင်လူငယ်အမျိုးသားတွေ AA အဖွဲ့က အတင်းအဓမ္မ လာရောက် လူသစ်စုဆောင်းမှာ ကြောက်လို့ ရန်ကုန်မှာ လာရောက် အခြေချနေထိုင် တာတွေ ပြည်ပနိုင်ငံတွေမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေတာတွေကိုလည်း တွေ့မြင်ရပါတယ်။