မိသားစုဝင်ငွေရရှိဖို့ ဘူးပင်စိုက်ပျိုးကြပါစို့

စင်တင်စိုက်ပျိုးခြင်းနှင့် မြေပြင်ကျင်းဖွဲ့ စိုက်ပျိုးခြင်းဟူ၍ နှစ်မျိုးရှိတယ်။

စင်တင်စိုက်ပျိုးပါက စိုက်ဘောင်ပြုလုပ်ရာတွင် အလျား(၅ပေ)၊ အနံ(၃ပေ)၊ အမြင့် (၁ပေ) ခန့်ဘောင်ပြုလုပ်ပြီး ဘူးစေ့များကို တစ်ကျင်းနှင့်တစ်ကျင်း (၁)ပေခွဲခြား၍ တစ်ကျင်းလျှင် ဘူးစေ့(၅)စေ့ခန့် ထည့်ပြီးစိုက်ရသည် အပင်ပေါက်လာလျှင်(၂)ပင်ခန့်သာ ထားရှိရမယ်။

ကျင်းဖွဲ့ စိုက်ပျိုးမယ်ဆို အနက်(၁.၅ပေ)၊ အနံ(၂ပေ)၊ အလျား(၃ပေ)ရှိ ကျင်းများတူး၍ နွားချေး နှင့်မြေဆွေး ဆတူရော၍ (၃/၄)လက်မအလိုခန့်ထည့်ပြီးလျှင် အပေါ်မှရိုးရိုးမြေဖို့ရပါသည်။ တစ်ကျင်း လျှင် (၅)ပင်ခန့်စိုက်ရသည်။ အပင်ငယ်များတစ်ထွာခန့် မြင့်လာသောအခါ တစ်ကျင်းလျှင် (၂)ပင်ခန့် ချန်ပြီး ကျန်အပင်များကို နုတ်ပစ်ပြီး အပင်လေးများ လသားအထိ အပင်ခြေရင်းပေါင်း သင်ပေးရမယ်။

သတိထားရမဲ့အချက်လေးတွေက…….. ဘူးပင်စိုက်ပျိုးရာမှာ ရေများများလောင်းနိုင်မှ အပင်ကြီးထွားပြီး အသီးများများ တင်နိုင်မယ်ဆိုပေမယ့်လို့ ရေသွင်းရာတွင် အပင်ခြေမှာရေဝပ်လျှင် ဘူးမြစ်များ မြေကြပ်၍ လွတ်လပ်စွာ မသွားနိုင်ဘဲ အမြစ်ကိုလေမတိုးခြင်းကြောင့် အမြစ်များရိပြီး အပင်သေသွားနိုင်ပါသည်။ ရေဝပ်မြေတွင် မစိုက်ပျိုးသင့်ပါ ဘူးပင်စိုက်ပျိုးပြီးတစ်လခန့်အကြာတွင် ဘူးညွှန့်များခူးရပါသည်။ ဘူးညွှန့် ခေါင်ညွှန့်ကို ချိုးနှိမ်ပေးမှသာလျှင် ဘူးညွှန့်များများ ထွက်လာပြီး အသီးများတင်နိုင်မည်ဖြစ်ပါသည်။ ဘူးခေါင်ညွှန့် ကိုဖြတ်လိုက်ခြင်းကြောင့် အပင်ကြားမှ အရွက်များထွက်ပေါ်လာပြီး အတက်များမှ အသီးများလည်း တင်လာမှာပါနော်……

ကဲ..ကဲ… ရင်းနှီးစိုက်ထုတ်ငွေနည်းပါးပြီး မိသားစုအတွက် မီးဖိုချောင်သုံး နေ့စဉ်ဝင်ငွေရရှိမယ့်အပြင် စိုက်ရလည်း လွယ်တဲ့ ဘူးပင်ကို တစ်နှစ်ပတ်လုံး စီးပွားဖြစ် စိုက်ပျိုးမလား ????? ဒါမှမဟုတ် မိမိတို့အိမ်ခြံမြေလွတ်နေရာလေးမှာပဲ အိမ်တိုင်း တစ်ပိုင်တစ်နိုင်စိုက်ပျိုးမလား ????

မိသားစုဝင်ငွေရရှိစေရန်နှင့် ကျန်းမာရေးအတွက် ကောင်းကျိုးပြုတဲ့ ဘူးပင်ကို စိုက်ပျိုးသွားဖို့ မင်မင်က အကြံပြုတိုက်တွန်ပါတယ်ရှင့်…….