ရန်ကုန်မြို့ ကမာရွတ်နှင့် စမ်းချောင်းမြို့နယ်တို့၌ အုပ်စုဖွဲ့၍ ခါးပိုက်နှိုက်မှု ကျူးလွန်သူများအား ဖမ်းဆီးရမိ

အုပ်စုဖွဲ့ပြီး ခါးပိုက်နှိုက်မှု ကျူးလွန်သူတွေကို ဖမ်းဆီးရမိခဲ့တာဟာ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးမှု၊ လုံခြုံရေးတပ်ဖွဲ့ဝင်များရဲ့ နယ်မြေအတွင်း သတင်းရယူစုံစမ်းခြင်း၊ အသွင်ယူစောင့်ကြည့်မှုများကြောင့် တရားခံတွေကို ဖမ်းဆီးနိုင်ခဲ့တာပါ။

တရားခံများကို ဖမ်းဆီးမှုပြုလုပ်စဉ် ပူးပေါင်းပါဝင်ပေးတဲ့ ပြည်သူတွေကို ကျေးဇူးတင်ရှိကြောင်းနှင့် ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်သွားမည် ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြောကြားခဲ့ပါတယ်။

ရန်ကုန်မြို့ရဲ့ ခိုးဆိုးလုနှိုက် အမှိုက်တွေကို ဖမ်းဆီးပေးတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြုကြောင်း ပြောကြားလိုပါတယ်။