ဆင်အင်းကြီးရွာ ဖြစ်စဉ်မှန်

ပုဏ္ဏားကျွန်းမြိုနယ်၊ ပဒေသာရွာသစ်နှင့် ဆင်အင်းကြီးရွာကြားတွင် နိုဝင်ဘာ ၁၀ ရက်နေ့ နံနက် ၆ နာရီခန့်က တပ်မတော်၏ ရိက္ခာပိုသည့် မော်တော်ယာဉ်ကို AA သောင်းကျန်းသူအဖွဲက မိုင်းဆွဲတိုက်ခဲ့ပါသည်။
အဆိုပါနေရာသို တပ်မတော်စစ်ကြောင်းများက သွားရောက်ရှင်းလင်းရန် ပုဏ္ဏားကျွန်းမြိုနယ်ဘက်မှ ထွက်ခွာလာခဲ့ရာ ညနေပိုင်းတွင် ဆင်အင်းကြီးကျေးရွာအနီး ရောက်ရှိစဉ် AA သောင်းကျန်းသူအဖွဲက ကျေးရွာအတွင်း နေအိမ်များထဲမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သည့်အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သည့်အပြင် ပဒေသာရွာထိပ်တွင်လည်း စစ်ကူတပ်များ မရောက်နိုင်စေရန် AA သောင်းကျန်းသူအဖွဲမှ ပစ်ကျင်းများတူး၍ ဖြတ်တောက်ထားခဲ့ပါသည်။
ဆင်အင်းကြီးရွာအတွင်းရှိ AA သောင်းကျန်းသူအဖွဲသည် ၎င်းတို့နောက်သို့ တပ်မတော်စစ်ကြောင်းမှ ထပ်ချပ်လိုက်လာခြင်းမရှိစေရန် ရွာအတွင်းပစ်ခတ်မှုများပြုလုပ်ပြီး နေအိမ်အချိုအား မီးရှိကာ ရွာ၏မြောက်ဘက်သို ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။
AA သောင်းကျန်းသူအဖွဲအနေဖြင့် ရွာသားများကို တိမ်းရှောင်ခြင်းမပြုစေခဲ့ဘဲ လူသားဒိုင်းသဖွယ် ဓားစာခံပြုလုပ်၍ ရွာအတွင်းမှ တိုက်ပွဲဖော်ဆောင်ခဲ့ခြင်းကြောင့် ရွာသားများ သေဆုံးခြင်း၊ နေအိမ်မီးလောင်ခြင်းဖြစ်ပွားခဲ့ပါသည်။
AA သောင်းကျန်းသူအဖွဲအနေဖြင့် ယခုကဲ့သို တိုက်ကွက်ဖော်ပါက ရွာသားများထိခိုက်မည်ကို သိရှိသော်လည်း ရွာများကိုအနာခံပြီး တိုက်ခိုက်ခဲ့သည့်အပြင် တပ်မတော်ကြောင့် ရွာများထိခိုက်ပျက်စီးကြောင်း ပြည်သူလူထုမှ ထင်ယောင်ထင်မှားဖြစ်စေရေး ဝါဒဖြန့်ရန်အတွက် ကြိုတင်စီစဉ်ထားခြင်းသာဖြစ်ကြောင်းသိရှိရပါတယ်ရှင်။