ကျောက်ထုမြို့နယ်၊ လက်ပန်ကျေးရွာအဝင်တွင် တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၁၀ ရက်
မကွေးတိုင်းဒေသကြီး၊ ကျောက်ထုမြို့နယ်၊ လက်ပန်ကျေးရွာသို့
လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းရေးဆောင်ရွက်ရန် ချီတက်လာစဉ်
အဆိုပါကျေးရွာအဝင်သို့အရောက် အကြမ်းဖက်သမားအင်အား ၂၀ ဦးခန့်က စတင်ပစ်ခတ်ခဲ့သဖြင့်
ပြန်လည်ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွာထွက်ပြေးခဲ့ပါတယ်…
-MK II သေနတ် ၂ လက်
-လက်လုပ်သေနတ် ၅ လက်
-ကျည်အိမ် ၃ ခု
-ဘီအေ(၉၁)လက်ပစ်ဗုံး ၂၀ လုံး
-ကျည် ၅၀ တောင့်
-ဆိုင်ကယ်မျိုးစုံ ၅ စီးသိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က ထိခိုက်မှုမရှိခဲ့ဟု သိရှိရပါတယ်…
ထပ်မံ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျေးရွာ၏အရှေ့ဘက်မှ ဝင်ရောက်ရှင်းလင်းစဉ်
အကြမ်းဖက်သမားအင်အား ၃၀ ဦးခန့်ကစတင်ပစ်ခတ်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-
-M-4 ရိုင်ဖယ် ၁ လက်
-အိန္ဒိယနိုင်ငံထုတ်လေသေနတ် ၁ လက်
-ကျည်အိမ် ၁ ခုသိမ်းဆည်းရရှိခဲ့ပြီး
အဆိုပါနေရာတွင် ဖမ်းဆီးခံထားရသော ဆောမြို့နယ်၊ ကျောက်မကျေးရွာမှ မ ၄ ဦးတွေ့ရှိခဲ့ဟု သိရှိရပါတယ်…