တပ်မတော်(လေ)ရဲ့ တိုက်လေယာဉ်အစွမ်းကိုကြောက်နေကြပြီဖြစ်တဲ့ အကြမ်းဖက်သူပုန်များ

“ရုရှားထံက ဖျက်အားပြင်း တိုက်လေယာဉ်တချို နေပြည်တော်မှာ စတင်လေ့ကျင့်နေကြောင်း ကြောက်လန့်တကြား သတင်းဖော်ပြလာ”ကြောင်း facebook စာမျက်နှာများတွင် များစွားတွေ့နေရပါတယ်။

မြန်မာ့တပ်မတော်အနေနဲ့ ရုရှားနိုင်ငံကနေ ဝယ်ယူထားတဲ့ Su-30 တိုက်လေယာဉ်ကို နေပြည်တော် လေတပ်စခန်းရဲ့ ပြေးလမ်းပေါ်မှာ ပထမဆုံးအကြိမ် စမ်းသပ်လေ့ကျင့်နေတာကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၁၇ ရက်နေ့ ဂြိုလ်တုကရရှိတဲ့ ဓာတ်ပုံတွေအရ တွေ့ရှိခဲ့တယ်ဆိုပြီး အကြမ်းဖက်အုပ်စုတွေနဲ့နီးစပ်တဲ့ အဖွဲတစ်ဖွဲက ကြောက်လန့်တကြား သတင်းထုတ်ပြန်လာပါတယ်။

Su-30 ဟာ မြန်မာ့တပ်မတော်က ပုံမှန်အသုံးပြုနေတဲ့ Yak 130 ထက် ပစ်ခတ်နိုင်မှုနဲ့ စွမ်းရည် နှစ်ဆ ပိုမြင့်မားကြောင်းနဲ့ လက်ရှိမှာ အဲဒီတိုက်လေယာဉ်ကို စတင်စမ်းသပ်လေ့ကျင့်နေပြီး စစ်ဆင်ရေးမှာ အသုံးမပြုသေးဘူးလို့လည်း ၎င်းအဖွဲက သုံးသပ်ထားကြပါသေးတယ်။

ဒါ့အပြင် အဆိုပါ Su- 30 တိုက်လေယာဥ်ကို MiG-29 လို တိုက်လေယာဉ်နဲ့ တွဲဖက်အသုံးပြုပြီး အကြမ်းဖက်အုပ်စုတွေကို တိုက်ခိုက်လာနိုင်တယ်လိုလည်း ၎င်းအဖွဲက စိုးရိမ်တကြီး ဖော်ပြထားပါသေးတယ်။

အေးဆေးမနေချင်ကြတဲ့သူတွေ…..ဘာ ခုမှကြောက်ပါပြီလဲ..