မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

တရားကို အဖော်ပြုပြီး
ငြိမ်းချမ်းတဲ့ဘ၀ကိုတည်ဆောက်ပါ ။

ကုသိုလ်ကို မိတ်ဖွဲပြီး
အဆင်ပြေမှုရအောင် ကြိုးစားပါ ။

သည်းခံခြင်းကို မွေးမြူပြီး
ရင့်ကျက်တဲ့ဘ၀ကို ဖန်တီးပါ ။

ယုံကြည်ချက် မြင့်မားပြီး
အောင်မြင်ခြင်းကို ဆောင်ယူပါ ။

အမုန်းအာဃာတတွေကိုလျှော့ပြီး
အပူနည်းအောင် ကြိုးစားပါ ။

စိတ်နှလုံးသွင်း မှန်ကန်စေပြီး
အကုသိုလ်နည်းအောင် နေထိုင်ပါ ။

သိမ်းပိုက်မှုတွေကို စွန့်လွှတ်ပြီး
အမှားနည်းအောင် ရှင်သန်ပါ ။

တစ်ခဏတာ လူ့ဘ၀မှာ
သိက္ခာအရှက်တရားနဲ့ပဲလူလုပ်ပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏