ဦးပိန်တံတားပေါ်မှ ရေထဲပြုတ်ကျသည့် ကလေးငယ်ကို သံဃာတော်တပါးက ကယ်ဆယ်ပေးနိုင်ခဲ့

မန္တလေး နိုဝင်ဘာလ ၇ ရက်

မန္တလေးမြို့၊ အမရပူရမြို့နယ်၊ တောင်သမန်အင်းရှိ ဦးပိန်တံတားပေါ်တွင် ထိုင်နေသည့် ကလေးငယ်တဦးသည် နိုဝင်ဘာလ ၇ ရက် ညနေပိုင်းက အင်းရေအတွင်းသို့ ပြုတ်ကြ၍ ရေနစ်ရာတွင် သံဃာတော်တပါးက ဆင်းကယ်ခဲ့ရကြောင်း သိရသည်။

အဆိုပါ အဖြစ်အပျက်နှင့်ပတ်သက်၍ ကလေးငယ်အသက်ကိုကယ်ဆယ်ခဲ့သည့် သံဃာတော်က လူမှုကွန်ရက်သို့ ရေးတင်ထားသည်မှာ”

“ဦးဇင်းက မန္တလေးကို အလည်ရောက်တဲ့အခါ တံတားပေါ်လမ်းလျှောက်ထွက်တိုင်း အဲဒီကလေးငယ်တွေနဲ့ ဓာတ်ပုံရိုက်၊ မုန့်ဖိုးအမြဲပေးနေကျပါ။ ဒီနေ့လည်းပဲ လမ်းလျှောက်သွားတာ ပြန်အလာမှာ ကလေးငယ်က ပြုတ်ကျနေပြီး အပေါ်မှာကျန်ခဲ့တဲ့ ကလေးမလေးရဲ့ ညီမလေး ညီမလေးလို့ အော်သံကို ကြားရတယ်။ ဒါနဲ့ ဦးဇင်းလည်း ဘာမှမစဉ်းစားချိန်မရတော့ပဲ ရေထဲကို ခုန်ချလိုက်တယ်။ အောက်ရောက်တော့ ကိုယ့်သင်္ကန်းနဲ့ကိုယ် ထွေးလုံးနေတာနဲ့ သင်္ကန်းတွေချွတ်ထားပြီးမှ အချိန်မီကယ်ခဲ့ရတယ်”ဟု ရေးသားထားသည်။

ကလေးငယ်ကိုကယ်ဆယ်ခဲ့သည့် သံဃာတော်သည် မကွေးတိုင်းဒေသကြီးမှ မန္တလေးမြို့သို ခေတ္တရောက်ရှိနေသည့် သံဃာတော်တပါးဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ ဦးခေမိန္ဒ

#Crd