ကားတိုက်ခံရပြီး ဦးနှောက်သေသွားတဲ့ မြန်မာရွေ့ပြောင်းလုပ်သား တစ်ဦးက ထိုင်းဆေးရုံကို မျက်လုံးနဲ့ ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါများ လှူဒါန်း

နိုဝင်ဘာလ ၇ ရက်

မြန်မာရွေ့ပြောင်းလုပ်သား တစ်ဦးက ထိုင်းဆေးရုံကို မျက်လုံးနဲ့ ကျောက်ကပ်အပါအဝင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများ လှူဒါန်းလိုက်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် Khaosod သတင်းဌာနက ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ချင်းရိုင် ခရိုင်အတွင်းမှာ ကားတိုက်ခံရပြီး ဦးနှောက်သေသွားသည့် မြန်မာရွေ့ ပြောင်းလုပ်သားတစ်ဦးက မျက်လုံးနှင့် ကျောက်ကပ်အပါအဝင် အခြားကိုယ်တွင်း အင်္ဂါများအား လိုအပ်နေသော လူနာ ရှစ်ဦးထံသို အစားထိုးကုသဖို့အတွက် မိသားစုတွေက Chiang Rai Prachanukroh ဆေးရုံအား လှူဒါန်းလိုက်တာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။