ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ (၃၈) ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲပြုလုပ်

ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် တိုးချဲ့ဓမ္မရင်ပြင်တော်ကြီး၌ (၃၈)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်းယှဉ်ပြိုင် ရက်ခတ် ဆက်ကပ်ပူဇော်ပွဲ ဖွင့်ပွဲကို နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက နမောတဿသုံးကြိမ်ရွတ်ဆို ဘုရား ကန်တော့ဖွင့်လှစ်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် က အဖွင့်အမှာစကားပြောကြားကာ ကျိုက်ဒေးအပ်စေတီတော် အလှည့်ကျသဘာပတိ က စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်တိုးချဲ့ဓမ္မရင်ပြင် တော်ကြီး၌ (၃၈)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ယှဉ်ပြိုင်ရက်ခတ် ဆက်ကပ်ပူဇော် ပွဲဖွင့်ပွဲကို ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်၍ (၃၈)ကြိမ် မြောက် မသိုးရွှေကြာသင်္ကန်းရက်ပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများအား ကြည့်ရှုအားပေးခဲ့ကြ ကြောင်း သတင်းရရှိသည်။