ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ည မီးပုံးပျံပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပ

၂၀၂၂ ခုနှစ်၊ (၁၆) ကြိမ်မြောက် ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် ဒုတိယနေ့ည မီးပုံးပျံပြိုင်ပွဲ အခမ်းအနားကို နိုဝင်ဘာလ ၅ ရက် ညနေပိုင်းမှစ၍ ပြင်ဦးလွင်မြို့၊ ရေငယ်ကျေးရွာရှိ မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး( ပြည်ချစ်ဘုရား) အနီးအရှိ မီးပုံးပျံကွင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပသည်။

ပြင်ဦးလွင်မြို့ ယူနန်ဘုံကျောင်းလူငယ်အဖွဲ့၏ နဂါးမီးစိန်နားပန်မီးပုံးပျံ ၊ Green Challenge Association ၏ မြို့ချစ်မီး ညမီးကျည် ၊ ပြင်ဦးလွင်တပ်နယ်မှ မေတ္တာစိန်နားပန် မီးပုံးပျံ၊ အေးချမ်းအောင်မြေ ညမီးကျည်၊ အေးချမ်းသာ စိန်နားပန် မီးပုံးပျံနှင့် မုဒိတာ စိန်နားပန်မီးပုံးပျံများအား တာဝတိံသာနတ်ပြည်ရှိ စူဠာမဏီစေတီတော် ကိုမျှော်မှန်းကာ လွှတ်တင်ပူဇော်၍ ပါဝင်ယှဉ်ပြိုင်ကြသည်။

၂၀၂၂ ခုနှစ် ပြင်ဦးလွင် တန်ဆောင်တိုင် မီးပုံးပျံပြိုင်ပွဲတွင် ညမီးပုံးပျံလွှတ်ပြိုင်ပွဲ ၊နေ့အရုပ် အလှမီးပုံးပျံပြိုင်ပွဲ ဟူ၍ အမျိုးအစား ခွဲခြားထားပြီ းနေ့အရုပ်အလှ(၄၆)လုံး၊ စိန်နားပန် (၁၆)လုံးနှင့် ညမီးကျည်(၁၄)လုံး၊ စုစုပေါင်း(၇၆) လုံးတို‌မှ‌ နေ့အလိုက်ယှဉ်ပြိုင်သွားကြမည်ဖြစ်ကာ ဆုများကိုလည်းထိုက်ထိုက်တန်တန် စီစဉ်ပေးထားသည် ဟုသိရသည်။