၁၀မိနစ်အတွင်း သွေးတိုးကျစေမယ့်နည်းလမ်း (၅) ခု

အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ကိုယ်အလေးချိန်များခြင်းစတဲ့ အကြောင်းအရင်းများကြောင့် သွေးတိုးရောဂါ ဖြစ်နိုင်ပါတယ်။

အခုပြောပြပေးမယ့် နည်းလမ်းလေးတွေက တော့ ဆယ်မိနစ်အတွင်း သွေးတိုးကျစေပြီး နောက်ဆက်တွဲပြဿနာတွေကိုပါ သက်သာစေနိုင်ပါတယ်။

(၁) နားရွက်အနောက်နဲ့ လည်ပင်းကိုနှိပ်ပေးခြင်း။ နားရွက်အနောက်ကနေ လည်ပင်းနေရာအထိ နှိပ်ပေးတာက သွေးလှည့်ပတ်မှုကောင်းစေပြီး သွေးဖိအားများတာ ကို လျှော့ချပေးနိုင်ပါတယ်။

(၂) ဘယ်ဘက်နှာခေါင်းဖြင့် အသက်ရှူခြင်း။ ခန္ဓာကိုယ်ကို မတ်မတ်ထိုင်ပြီး လည်ပင်းကိုဖြောင့်ဖြောင့်ထားကာ ညာဖက်လက်မဖြင့် ညာဖက် နှာခေါင်း ကို ပိတ်ထားပြီး ဘယ်ဖက်နှာခေါင်းဖြင့် အသက်ရှူပေးပါက သွေးတိုးကျစေပါတယ်။

(၃) ရေသောက်ခြင်း။ ခန္ဓာကိုယ်မှာ ရေဓာတ်လိုအပ်နေတဲ့အချိန်မှာလည်း သွေးတိုးတတ်ပါတယ်။ အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ရေတစ်ဖန်ခွက် သောက်သုံးလိုက်ခြင်းဟာလည်း သွေးတိုးကျစေနိုင်ပါတယ်။

(၄) ပက်လက်လှန်ပြီး ကြွက်သားတွေကို ဖြေလျှော့ပေးခြင်း။ လှဲအိပ်ကာ ခန္ဓာကိုယ်ကို ဖြေလျှော့လိုက်ပြီး အသက်ကို ဖြည်းဖြည်းခြင်းရှူပေးတာက သွေးလှည့်ပတ်မှုကို ပုံမှန်ပြန်ဖြစ်စေပါတယ်။

(၅) ခြေထောက်ရေနွေးစိမ်ပေးခြင်း။ ရေဇလုံ ထဲမှာရေနွေးထည့်ပြီး ခြေထောက်ကို ၁၅ မိနစ်လောက် စိမ်ပေးမယ်ဆိုရင် သွေးတိုးကျစေနိုင်မှာဖြစ်ပါတယ်။