မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အောင်မြင်မှုမှာပဲ
သာယာနေမိတယ်ဆိုရင်

အောင်မြင်မှုတွေမရှိတော့တဲ့အခါ
ကိုယ်ပဲ စိတ်ပင်ပန်းရမယ် ။

အဆင်ပြေမှုမှာပဲ
မှီခိုအားထားနေမိတယ်ဆိုရင်

အဆင်ပြေမှုတွေမရှိတော့တဲ့အခါ
ကိုယ့်စိတ်တွေ အနေခက်ရမယ် ။

သံယောဇဥ်တွေနဲ့ပဲ
ချည်နှောင်နေမိတယ်ဆိုရင်

သံသယတွေ ၀င်လာတဲ့အခါ
ကိုယ်ပဲ စိတ်တွေပူလောင်ရမယ် ။

ချီးမွမ်းမှု ကဲ့ရဲ့မှုတွေကြားမှာ
လိုက်သာယာ ခံစားနေမယ်ဆိုရင်

နေထိုင်ရတဲ့ ကိုယ်ဘ၀ဟာ
ချမ်းသာမှုတွေနဲ့ ဝေးသွားတတ်တယ် ။

ဆိုးဆိုး ကောင်းကောင်း
ဘဝမှာ ဘာတွေပဲ ဖြစ်နေပါစေ

ပျက်စီးရအုံးမှာသာဖြစ်လို့
မမြဲခြင်းကိုပဲ အဖော်ပြုဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဝ ဝေ သီ🙏🙏🙏