မန္တလေးမြို့ရှိ နေအိမ် တစ်လုံးအား ချိတ်ပိတ်မှုနှင့် ပတ်သက်၍ ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြား

ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ဖြေကြားချက်မှာ-

ချိတ်ပိတ်ခံရသည့် နေအိမ်သည် မီဒီယာအချို့တွင် ဖော်ပြနေသလို ခရစ်ယာန်မိဘမဲ့ ကလေးကျောင်း မဟုတ်ကြောင်း။ နေအိမ် ၁ လုံးသာ ဖြစ်ကြောင်း။

၂၀၂၁ ခုနှစ် ဇွန်လ ၂၀ ရက်ခန့်က လက်နက်အမြောက်အများနှင့်အတူ ဖမ်းဆီးရမိသည့် PDF အကြမ်းဖက်သမား ဝေယံလင်း(ခ) ထွန်းတောက်နိုင်နှင့် ဆက်နွယ်မှုရှိသည့် နေအိမ် ၁ လုံး ဖြစ်ကြောင်း။

ဌားရမ်းနေထိုင်သော အိမ် ၁ လုံးဖြစ်ပြီး ၎င်းအိမ်၌ ကလေး ၁၀ ဦး တွေ့ရကြောင်း၊ အိမ်ဌားများ၏ ပြောကြားချက်အရ မိဘမဲ့ ကလေးများဟု ပြောကြားခဲ့ကြောင်း၊ စစ်ဆေးနေဆဲဖြစ်ကြောင်း။

မိဘမဲ့ကလေးထိန်းကျောင်း ဖွင့်မည်ဟု တရားဝင်မှတ်ပုံတင်ထားမှု မရှိကြောင်း၊ ခရစ်ယာန်မိဘမဲ့ ကလေးကျောင်း မဟုတ်ကြောင်း၊ ချိတ်ပိတ်ခံရပြီးမှသာ လူမှုရေးအရ၊ ဘာသာရေးအရ သတင်းပွလာအောင် လုပ်ဆောင်တာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။