မြန်မာ့ တပ်မတော်သားများရဲ့ လေထီးခုန်လေ့ကျင့်မှု

လေထီးသည် ယခုခေတ်အခါတွင် နိုင်ငံတိုင်း၌ လေယာဉ်ပျံနှင့်အတူရှိအပ်သော ခေတ်မီအရာဝတ္ထုဖြစ်၍

အလွန်အရေးပါ သော စစ်လက်နက်တစ်မျိုးလည်းဖြစ်ပေသည်။ သဏ္ဌာန်အားဖြင့် လေထီးသည် အလွန်ကြီးသောထီးနှင့် ခပ်ဆင် ဆင်တူသည်။

လေထဲတွင်ဖွင့်ချလိုက်သောအခါ လေ၏တွန်းကန်အားကြောင့် အောက်သို့တဖြည်းဖြည်းကျဆင်းလာသည်။

သို့ဖြစ်၍ လေယာဉ်ပျံ၌ပျက်ကျ သောအခါများတွင် လေယာဉ်ပျံတွင် စီးနင်းလိုက်ပါလာသူများသည် လေထီး ဖြင့်အောက်သို့ခုန်ချခြင်းအားဖြင့်

အသက်ဆုံးရှုံးမည့်ဘေးမှ လွတ်မြောက်ကြ သည်။ လေထီးကို ပထမဆုံးကြံစည်မိသူမှာ လီယိုနာဒိုဒါဗင်ချိ (၁၄၅၂- ၁၅၁၉)ဖြစ်၏။

တီထွင်သည်ဟူသော ဂုဏ်ထူးကိုရရှိသူကား ဆီဗတ်စဘီယန် လီနော်မန်ဖြစ်သည်။ ပြင်သစ်လူမျိုး လေကြောင်းတိုင်းတာရေးသမား ဂျေ၊ ပီ၊

ဗလန်ချက်ဆိုသူမှာ လေထီးကို ပထမဆုံးအသုံးပြုသူဖြစ်၏။ လေ ကြောင်းတိုင်းတာရေးသမားဖြစ်သော ပြင်သစ်လူမျိုး အွန်ဒရေးဂျေဂါနာရင်

ဆိုသူသည်လည်း လေထီးကို ပထမဆုံးအောင်မြင်စွာ အသုံးချသူဖြစ်လေ သည်။

ထို့နောက် သိပ္ပံပါရဂူများ၊ စက်ဝိဇ္ဇာများသည် လေထီးကို ကောင်း သည်ထက်ကောင်းအောင် ပြုပြင်ခဲ့ကြသည်။

ယခုအခါတွင်ကား ကမ္ဘာပေါ်ရှိ ခေတ်မှီနိုင်ငံတိုင်း၌ပင် လေထီးကိုအကျိုးရှိစွာ အသုံးပြုလျက်ရှိကြသည်။

မြန်မာ့တပ်မတော်ရှိ

လေထီးစစ်သား/စစ်သမီးများအား

လေးစားလျှက်..