ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ အောက်တိုဘာလအတွင်း ယာဉ်မတော်တဆမှု ၁၉ မှုဖြစ်ပွား

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၌ အောက်တိုဘာလအတွင်း ယာဉ်မတော် တဆမှု ၁၉ မှုဖြစ်ပွားပြီး

ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၃၅ သန်းကျော်ရှိကြောင်း အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှု   ၁၉   မှု ကြောင့် ဒဏ်ရာရရှိသူ အမျိုးသား ၃၃ ဦးနှင့် အမျိုးသမီး ၁၅ ဦး စုစုပေါင်း ဒဏ်ရာရရှိသူ ၄၈ ဦးနှင့်

သေဆုံးသူ အမျိုးသား ခြောက်ဦးရှိခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၃၅၀၀၅၀၀၀ ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး  အမြန်လမ်းမကြီး၌ ယခုနှစ်အတွင်းဖြစ်ပွားသော  ယာဉ်မတော် တဆမှုများအနေဖြင့်    ဇန်နဝါရီလက ယာဉ်မတော်တဆမှု

 ၉ မှု ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၁၅၀၀၀၀၀၊ ဖေဖော်ဝါရီလက ယာဉ်မတော်တဆမှု  ၂၀  ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၃၂၉၈၀၀၀၀၊

မတ်လက ယာဉ်မတော်တဆမှု  ၁၅ မှု  ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၈၅၀၀၀၀၀၊ ဧပြီလက  ယာဉ်မတော်တဆမှု  ၁၃  မှု  ဆုံးရှုံးမှု

တန်ဖိုး ငွေကျပ် ၈၆၅၈၀၀၀၀၊ မေလက ယာဉ်မတော်တဆမှု ၁၅ မှု ဆုံးရှုံးမှု တန်ဖိုး ငွေကျပ် ၂၈၇၇၉၀၀၀၊ ဇွန်လက ယာဉ်မတော်တဆမှု  ၁၂ မှု

ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၄၈၆၀၀၀၀၊ ဇူလိုင်လက ယာဉ်မတော်တဆမှု ၁၅ မှု ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၂၂၇၅၀၀၀၀၊ သြဂုတ်လက

ယာဉ်မတော်တဆမှု ၁၃ မှု  ဆုံးရှုံးမှုတန်ဖိုး  ငွေကျပ် ၂၁၁၆၅၀၀၀၊ စက်တင်ဘာလက   ယာဉ်မတော်တဆမှု ၁၁ မှု  ဆုံးရှုံးမှုတန်ဖိုး ငွေကျပ် ၁၁၂၁၅၀၀၀၊

အောက်တိုဘာလက ယာဉ်မတော်တဆမှု ၁၉ မှု ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်  ၃၅၀၀၅၀၀၀  ရှိကြောင်း သိရသည်။

ရန်ကုန်-မန္တလေး   အမြန်လမ်းမကြီး ရဲတပ်ဖွဲ့အနေဖြင့်   အမြန်လမ်းမကြီး၌ အန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်းများ

ဆောင်ရွက်လျက်ရှိပြီး ယာဉ်မတော်တဆမှုများတွင် ယာဉ်မောင်းသူများ၏ ပေါ့ဆမှုကြောင့် အများဆုံး ဖြစ်ပွားကြခြင်းဖြစ်၍

ယာဉ်မောင်းသူများ အနေဖြင့်  သတိပြုမောင်းနှင်ရန် လိုအပ်ကြောင်း သိရသည်။