မိဘပြည်သူများသို့ အသိပေး ထုတ်ပြန်ချက်

မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်းပုံစံ-၆၆^၆ (အထစ)နှင့် ပတ်သက်၍ အခက်အခဲများ

သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း (၁၉-၉-၂၀၂၂)ရက်နေ့မှစတင်၍  အသိပေး ကြေညာခဲ့ပါသည်။

အဆိုပါထုတ်ပြန်ချက်၏ အပိုဒ် (၁)(င) နှင့် (၂)(ဃ)တွင် အောက်ဖော်ပြပါအတိုင်း အသိပေး ကြေညာခဲ့ပြီးဖြစ်ပါသည်-

အပိုဒ်(၁)(င) နိုင်ငံသားစိစစ်ရေးကတ် တစ်ခုထက်ပို၍ လက်ဝယ်  ကိုင်ဆောင်ထားရှိခြင်း မပြုရ။ ကိုင်ဆောင်ထားခြင်း ရှိပါက သက်ဆိုင်ရာမြို့နယ်လဝက

ရုံးများတွင် အမြန်သွားရောက် အပ်နှံရမည်။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော   နိုင်ငံသားကတ်ကိုသာ

အတည်ပြု၍ ယခင်ကတ် အပိုများအား ပယ်ဖျက်စာရင်းသွင်းပါမည်။

အပိုဒ်(၂)(ဃ)         ပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍  လက်ဝယ် ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာမြို့နယ် လဝကရုံးများသို့

အမြန်သွားရောက် သတင်းပို့ ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစပြုလုပ် ထားသော်လည်း ရန်ကုန်တွင် အထစထပ်မံပြုလုပ် ထားရှိခြင်း)၊

(၁-၁၁-၂၀၂၂) ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ) အပိုများအပ်နှံခြင်း မပြုပါက နောက်ဆုံး ထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ) ကိုသာအတည်ပြု၍

ယခင်ပုံစံ ၆၆/၆ (အထစ)များအား ပယ်ဖျက်စာရင်း သွင်းပါမည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ  e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊

နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြုကတ် တစ်မျိုးမျိုး ကိုင်ဆောင်သူ (၅၂)သန်းကျော်အား  စာရင်းသွင်းပြီးဖြစ်သဖြင့်   သတ်မှတ်ကာလအတွင်း

နိုင်ငံသားစိစစ်ရေး ကတ်နှင့် အခြားအသိအမှတ်ပြု ကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စုလူဦးရေ စာရင်းများကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား

နီးစပ်ရာမြို့နယ် လဝကရုံးများသို့  သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ

ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာခဲ့ပါသည်။

အဆိုပါအသိပေး ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက်နိုင်ကြောင်း ကြေညာထားသော်လည်း ပြည်သူများ၏

ပညာရေး အောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်း စသည့်

ဆက်သွယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် ပိုမိုသိရှိ လာရောက်ဆောင်ရွက်နိုင်ရေး အတွက် ရက်သတ္တ(၂)ပတ်တိုး၍ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ

လာရောက်ဆောင်ရွက်နိုင်ရန် ထပ်မံအသိပေး ကြေညာအပ်ပါသည် ဟုထုတ်ပြန်ထားပါသည်။