ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုဝင်ဘာလအတွင်း နိုင်ငံတကာကုန်တင်သင်္ဘောအစင်းရေ ၅၁ စင်း ဆိုက်ကပ်ကုန်သွယ်မည်ဖြစ်

ရန်ကုန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းသို့ နိုဝင်ဘာလအတွင်း

နိုင်ငံတကာ သင်္ဘောလိုင်း ၁၆ လိုင်းမှ ကုန်တင်သင်္ဘောအစင်းရေ ၅၁ စင်း

ဆိုက်ကပ်ကုန်သွယ်မည် ဖြစ်ပါသည်။

၂၀၂၂ ခုနှစ်တွင် နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး သင်္ဘောဆိုက်ကပ်မှုအနေဖြင့်

လစဉ်သင်္ဘောအစင်းရေ ၅၀ စင်းခန့် ဆိုက်ကပ်ကုန်သွယ်ခဲ့ပြီး ဇန်နဝါရီလမှ

အောက်တိုဘာလအထိ ၁၀ လအတွင်း သင်္ဘောအစင်းရေ ၅၁၅ စင်း ကုန်သွယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။