ပြည်တွင်းစစ်နဲ့ တိုက်လေယာဉ် အသုံးပြုမှုဥပဒေ

————–

-ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ တိုက် လေယာဉ်တွေ အသုံးပြုတာ law of war
နိုင်ငံတကာဥပဒေတွေကို ဖောက်ဖျက်ရာမကျဘူး
စစ်ပွဲဆိုင်ရာဥပဒေတွေနဲ့ ပက်သက်ရင် နားလည်မှု
လွဲနေကြတာတွေရှိပါတယ်။

-ဥပမာ… လေထီးဆင်းလာတဲ့ရန်သူ့တပ်သားတွေ
မြေပြင်ကိုမရောက်ခင် မိမိကပစ်ခတ်တိုက်ခိုက်ခြင်းမပြုရ ဆိုတဲ့အချက်မျိုးဖြစ်ပါတယ်။

– အမှန်ကလေကြောင်းချီတပ်တွေ လေထီးဆင်းလာရင် လေထဲမှာရှိနေတုန်း မိမိကပစ်ခတ်တိုက်ခိုက်လို့ရပါတယ်။

– လေယာဉ်ပျက်ပြီး လေထီးနဲ့ခုန်ဆင်းလာသူမျိုးတွေကိုသာ လေထဲရှိနေစဉ်မှာပစ်ခတ်သတ်ဖြတ် ခွင့် မရှိတာဖြစ်ပါတယ်။

ဒါနဲ့ပက်သက်ရင် Geneva Convention ရဲ့ Additional Protocol 1 article 42 မှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။

ဒီလိုအမှတ်မှားမှုတွေ ရှိနေရာကနေတဆင့် ပြည်တွင်းစစ်မှာ တိုက်လေယာဉ်မသုံးရ ဆိုတဲ့ အယူအဆအမှားဟာလည်း
ပေါ်ထွက်လာခဲ့ပုံရပါတယ်။

၁၉၈၀ မှာ ထုတ်ပြန်ခဲ့တဲ့ CCW လို့ခေါ်တဲ့ Convention on Prohibitions or Restrictions on the Use of Certain Conventional Weapons Which May be Deemed to be
Excessively Injurious or to Have Indiscriminate Effects
(ဆိုးရွားစွာ ထိခိုက်ပျက်စီးစေနိုင်တဲ့ သမားရိုးကျ
လက်နက်များ ပိတ်ပင်ကန့်သတ်ရေးကွန်ဗင်းရှင်း) မှာလည်း တိုက်လေယာဉ် အသုံးပြုတာနဲ့ပက်သက်ပြီး ပိတ်ပင်ထားတာ မရှိပါဘူး။

ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခမှာ တိုက်လေယာဉ်/ လေကြောင်းတိုက်ခိုက်မှု မလုပ်ရဘူးလို့ သတ်မှတ်ထားတာ လုံးဝမရှိတာ တွေ့ရပါတယ်။

ဒါကြောင့် ပြည်တွင်းသောင်းကျန်းမှုနှိမ်နှင်းရေးမှာ တိုက်လေယာဉ်/တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ သုံးတာဟာ Geneva Conventions တွေအပါအဝင် နိုင်ငံတကာ စစ်ပွဲဆိုင်ရာဥပဒေများနဲ့ အကြုံးဝင်ပါတယ်။

သောင်းကျန်းသူတွေ သီးသန့်နေထိုင်တဲ့ စခန်းတွေ/ နေရာတွေ တနည်းအားဖြင့် စစ်ဘက်ဆိုင်ရာတရားဝင်ပစ်မှတ်တွေ legitimate military targets ကို တိုက်လေယာဉ်/တိုက်ခိုက်ရေး
ရဟတ်ယာဉ်တွေကနေ သမားရိုးကျ ဗုံးတွေ၊ ဒုံးတွေနဲ့ ပစ်ခတ်ပြီး ပြည်တွင်းသောင်းကျန်းမှု နှိမ်နှင်းရေးပြုလုပ်ရာမှာ လေကြောင်း
တိုက်ခိုက်မှုတွေ ပြုလုပ်နေတာဟာ နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ခြင်းမရှိကြောင်းတွေ့ရှိရပါတယ်။
*သစ္စာရှင်