အမ်းမြို့၌ အခြေခံစားသောက်ကုန်နှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

နိုဝင်ဘာလ ၂ ရက်

ရခိုင်ပြည်နယ် အမ်းမြို့၌ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းတပ်နယ်မှ မြို့နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ‌ရောင်းချပေးခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အမှတ်(၃) စျေး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့၌ ပြုလုပ်ခဲ့သည်။

အမ်းတပ်နယ်မှ တာဝန်ရှိသူများက အခြေခံစားသောက်ကုန်ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဝက်သား၊ ကြက်သား၊ ဒေသကြက်၊ ငါးမြစ်ချင်း၊ ငါးတန်၊ ငါးမုတ်၊ ကြက်ဥ၊ နွားနို၊ ပဲ၊ အမဲသား စည်သွတ်ဘူး၊ ကြက်အာလူး၊ ငါးတန်အချိုပေါင်း၊ မျှစ်၊ စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဉ်ဘူး၊ ငါးသလောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိကြော်၊ ကန်စွန်းရွက်၊ ချဉ်ပေါင်စသည့် စားသောက်ကုန်ပစ္စည်းများနှင့် ဒေသထွက် ဟင်းသီးဟင်းရွက်များကို သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအားရောင်ချပေးလျက်ရှိရာ စျေးဝယ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရှိရပါတယ်။