ကျောက်ချဉ်ရဲ့ ဆေးဖက်ဝင် အသုံး၀င်ပုံ

  • ထိခိုက်ဒဏ်ရာ ၊ ဓားရှခြင်း ~
  • ထိခိုက်မိ၍ ဒဏ်ရာ အနာတရဖြစ်ခြင်း၊ အရေပြား၌
    သွေးခြည်ဥခြင်း၊ ဆံပင်၊ မုတ်ဆိတ်ရိတ်၍ ဓားရှခြင်းအတွက် ကျောက်ချဉ်ကို ရေသန့်သန့်နှင့် သွေး၍
    လိမ်းပါ ။

~ မိတ်ယားခြင်း၊ နှင်းခူအစို၊ အဆိပ်ရှိ ပိုးမွှားများကိုက်ခြင်း~

  • မိတ်ပေါက်၍ ယားယံပါက ကျောက်ချဉ်ရေကျဲကျဲ
    ဖျော်လိမ်းပါ။
  • အဆိပ်ရှိ ပိုးမွှားများ ကိုက်ပါက ပျစ်ပျစ်ဖျော်လိမ်းပါ။
  • နှင်းခူအစိုက်ို ကျောက်ချဉ်မှုန့် ဖြူးပေးပါက ခြောက်
    သွားပြီး အယားသက်သာစေပါဧ။် ။

~ အဆီကျ၊ အသားကျစ်စေရန် ~

  • ကျောက်ချဉ်ကို အမှုန့်လုပ်၊ ဒယ်အိုးထဲထည့်၊ မီးအပူ
    တိုက်ပေးပါက ထုံးလို ဖွေးဖွေးဖြူသောအမှုန့်(ကျောက်ချဉ်
    မီးဖောက်) ကိုရဧ။် ။ထိုအမှုန့်(၁)ရွေးသား နေ့စဉ် မှန်မှန်စား
    ပေးပါက အဆီကျ၊ အသားကျစ်စေပြီး ပိန်စေသည်ဟု
    သိရပါဧ။ွ ။

~ မျက်စိရောဂါ ၊ နားရောဂါ ~

  • မျက်စိနာ၊ မျက်ခမ်းစပ် နှင့် မျက်စိစွန်ပါက ကျောက်ချဉ်ရေ ကျဲကျဲ ခပ်ပေးနိုင်ပါဧ။် ။နားပြည်ယို၊ နားကိုက်ပါက ကျောက်ချဉ်ရေ ကျဲကျဲ တစ်စက် နှစ်စက်
    ခန့် ထည့်ပေးပါ ။

~ အိပ်မပျော်ရောဂါ ~

  • ကျွဲနို့မလိုင် နှင့် ကျောက်ချဉ်မှုန့် အနည်းငယ် ရောစပ်ပြီး သောက်ပေးပါက နှစ်ခြိုက်စွာ အိပ်ပျော်စေပါ
    သည် ။

~ ခံတွင်းနံ့ မကောင်းခြင်း ~

  • ၀မ်းတွင်း အပူအပုပ် မစင်၍ ဖြစ်စေ၊ သွားဖုံးနှင့်
    သွားများ မကောင်း၍ ဖြစ်စေ ခံတွင်းနံ့ မကောင်းဖြစ်ပါက
    ဆားဆိုဒါ နှစ်ဆ၊ ကျောက်ချဉ်တစ်ဆ ရောပြီး မှုန့်ညက်
    နေအောင် ကြိတ်ပေးပါ။ သွားဖုံးများကို အသာအယာ
    တို့၍ ပေးပါ။ (သြားတိုက္တံ သုံးစရာ မလ်ိုပါ။) ပြီးလျှင်
    ရေသန့်သန့်နှင့် ပလုပ်ကျင်းပစ်ပါ။ မကောင်းတဲ့ အနံ့တွေ
    ပျောက်သွားရုံမက သွားဖုံးနှင့် သြားမ်ားပါ သန့်ရှင်းသွားပါ
    မည် ။

~ သွားပိုးစား၊ သွားကိုက်ခြင်း ~

  • သွားပိုးစားပြီး သွားကိုက်ခဲပါက ကျောက်ချဉ်မှုန့်နှင့်
    ပရုတ်မှုန့်ရောပြီး ကိုက်နေသော နေရာတစ်ဝိုက်က်ို အသာသိပ်ပေးပါ ။ မကြာခင် သက်သာပါမည် ။

~ ရိုးရိုး အနာဖုလုံး၊ အကြိတ်လုံး ~

  • အရေပြား၌ အဖုလုံး ၊ အကျိတ်လုံး ထွက်လာပါက
    ကျောက်ချဉ်မှုန့် (၁)ဆ၊ ပျားရည်(၂) ဆ သမအောင် ရောပါ။ ထိုဆေးရည်ကို အကျိတ်အဖုတို့အပေါ်၌ ထူထူလေး သုတ်လိမ်းပြီး ပတ်တီးစလေး အသာကပ်ပေး
    ပါ။ နုလျှင်ပိန်၍ ရင့်လျှင်ပေါက်ပြီး ပျောက်ကင်းပါမည် ။

~ သွားဖုံးရေစီးကမ်းပြိုဖြစ်၍ သွေးထွက်ခြင်း ~

  • သွားဖုံးရေစီးကမ်းပြိုလိုက်ပြီး သွေးခဏခဏ ထွက်နေ
    ပါက ကျောက်ချဉ်နှင့် တမာရွက်ကို ရောကြိတ်ပြီး
    သွားဖုံးတစ်လျှောက် အသာပွတ်ပေးပါ ။

~ နှာခေါင်းသွေးလျှံခြင်း ~

  • နှာခေါင်းသွေးလျှံပါက ဝါဂွမ်းကို ကျောက်ချဉ်ရေဆွတ်
    ပြီး နှာခေါင်း၀၌ အသာဆို့ထားပါ ။ ယင်းအခိုက်အတန့်၌
    အသက္ ကို ပါးစပ်နဲ့ ရှူပေးပါ ။ မကြာခင် သွေးတိတ်သွားပါလိမ့်မည် ။

~ ဆီးရောဂါ ~

  • ကျောက်ကပ်သာ မချွတ်ယွင်းပါစေနှင့် ။ မည်သည့်
    ဆီးရောဂါမဆို သက်သာစေနိုင်ဧ။်ဟု ဆိုပါသည်။ ကျောက်ချဉ်ကို အမှုန့်ကြိတ်၊ အချိန်ဆတူရှိသော လက်ဖက်နှင့် ရောကြိတ်ပါ။ ကြိတ်ပြီးသားဆေးကို ဆီးသီး ခပ်ငယ်ငယ်ခန့် အရွယ်လုံးထားပြီး တစ်နေ့တစ်
    လုံးစားပေးပါ ။ သက်သာပျောက်ကင်းပါမည် ။

မှတ်ချက် ။ ဆန္ဒရှိ၍ အသုံးပြုလိုပါက ကျွမ်းကျင်တဲ့
ဆရာသမားရဲ့ ညွှန်ကြားချက်အတိုင်း အသုံး
ပြုနိုင်ပါတယ် ။

ကျောက်ချဉ်ဟာ တန်ဖိုးနည်းပါးပြီးလွယ်ကူ
ထိရောက်တဲ့ ဆေးတစ်လက်ဖြစ်တာမို့ အိမ်
တိုင်း အလွယ်တကူ ဆောင်ထားသင့်
ပါတယ်။
မေတ္တာဖြင့်ပြန်လည်၍မျှဝေပါသည်။