ပြည်သူ့စစ်မှုထမ်းဥပဒေ

===========
ပြည်သူ့စစ်မှုထမ်း ဥပဒေကို
၂၀၁၀ ခုနှစ် နိူ၀င်ဘာ ၄ ရက်နေ့မှာ
နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီက
ဥပဒေ အဖြစ် ထုတ်ပြန်ပြဌာန်းခဲ့ပါတယ်။

အဲ့ဒီဥပဒေမှာ….
အသက် ၁၈ နှစ်မှ ၃၅ နှစ် ထိ အမျိုးသား အားလုံးနဲ့
အသက် ၁၈ နှစ်မှ ၂၇ နှစ်ထိ အမျိုးသမီးအားလုံး
စစ်မှုထမ်းဆောင်ရမှာ ဖြစ်ပါတယ်။

သက်မှတ်အရည်အချင်းနဲ့ ကိုက်ညီသူ၊
အသက်အရွယ်အားဖြင့် အသင့်ရှိနေသူကို
မှတ်ပုံတင်ဖိုဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်၊
ဆေးစစ်ဖိုဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်၊
စစ်မှုထမ်းဖိုဆင့်ခေါ်ချိန်မှာ ပျက်ကွက်ရင်၊
မှတ်ပုံတင်ချိန်မှာ အကြောင်းအရာတစ်ခုခုကို
လိမ်လည်ရေးသားဖော်ပြရင်
ထောင်ဒဏ် ၃ နှစ် ထိကျခံရမှာဖြစ်ပါတယ်။

ပုဒ်မ ၂၄ အရ
စစ်မှုထမ်းခြင်းမှ ရှောင်လွဲဖိုအတွက်
ရောဂါရှိဟန်ဆောင်ခြင်း
တမင် ရောဂါရအောင် လုပ်ခြင်း
ရောဂါမပျောက်အောင် ပိုဆိုးလာအောင်လုပ်ခြင်း
အနာတရ ဖြစ်အောင်လုပ်ခြင်း တို့အတွက်
ကျူးလွန်သူက ထောင်ဒဏ် ငါးနှစ်နဲ့
အားပေးကူညီသူဟာ
အရပ်သားဆို
ထောင်ဒဏ် တစ်နှစ်
၀န်ထမ်းဆို ထောင်ဒဏ် သုံးနှစ်ကျခံရမှာ ဖြစ်ပြီး
ရဲအရေးပိုင်တဲ့ပြစ်မှုတွေ အဖြစ် သတ်မှတ်ထားတယ်။

ပုဒ်မ ၂၃ နဲ့၂၄ ကို ကျုးလွန်သူတွေဟာ
ပြစ်ဒဏ်ကျခံပြီးရင်
စစ်မှုထမ်းဆောင်ဖို့
တဖန် ပြန်လည်သတင်းပို့ရမှာဘဲဖြစ်ပါတယ်။