၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်) ဝင်ခွင့်ရသူများ စာရင်းကို (၃-၁၁-၂၀၂၂)ရက်တွင်ကြေညာမည်

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအတွက် တက္ကသိုလ်နေ့သင်တန်း ပထမနှစ်(ပထမနှစ်ဝက်)

ဝင်ခွင့်ရသူများ စာရင်းကို (၃-၁၁-၂၀၂၂)ရက်တွင် သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များ၊ ပညာရေးဝန်ကြီးဌာန

website http://www.moe.gov.mm နှင့် အဆင့်မြင့်ပညာဦးစီးဌာန website http://www.dhe.gov.mm တို့တွင် ကြေညာ ထားမည်ဖြစ်ပါသည်။

ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၂၁-၁၁-၂၀၂၂)ရက်တွင် ဖွင့်လှစ်မည်ဖြစ်ရာ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို

သက်ဆိုင်ရာတက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင်(၁၀-၁၁-၂၀၂၂)ရက်မှ (၉-၁၂-၂၀၂၂) ရက်အထိ (စနေနှင့် တနင်္ဂနွေနေ့များ အပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်။