မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ရခဲလှတဲ့ အရာတွေဆိုတာ
တကယ် တန်ဖိုးထားသင့်ပါတယ် ။

လူ့ဘ၀ဟာ ရခဲတယ်ဆိုရင်
စိတ်ညစ်မှု ပူလောင်စရာတွေနဲ့ပဲ
အချိန်တွေ မကုန်သွားသင့်ပါဘူး ။

ရထားတဲ့လူ့ဘ၀ကို
အပြစ်ကင်းတဲ့ ပျော်ရွှင်မှုတွေရယ်

ကုသိုလ်အလုပ်တွေရယ်နဲ့
တန်ဖိုးရှိအောင် နေထိုင်သွားပါ ။

လောကဓံနှင့် ပတ်သက်လို
စိတ်ညစ်စရာတွေ ကြုံလာတဲ့အခါ

အကြာကြီး တည်မနေဘူးဆိုတဲ့
မှန်ကန်တဲ့အတွေးနဲ့ သည်းခံပါ ။

ကိုယ့်ကို ပင်ပန်းစေတဲ့
စိတ်ခံစားမှုတွေကို မရပ်တန့်ပဲ

ဆက်တွေးမယ်ဆိုရင်တော့
အမှားတွေနဲ့ပဲရင်ဆိုင်ရတတ်ပါတယ် ။

ကိုယ်တစ်ယောက်ထဲ
ဒုက္ခသည် ဖြစ်နေတာမဟုတ်လို့

အဆိုးပြဿနာ တွေ့တဲ့အခါ
ရင့်ကျက်စွာနဲ့ဖြေရှင်းဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏