ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်း( Rule of Engagement-ROE)

ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း(ROE) သည် တပ်ရင်းတပ်ဖွဲ့များအနေဖြင့် စစ်ရေးဆိုင်ရာ ရည်းမှန်းချက်ကို ရရှိနိုင်ရန်ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အခြေအနေများနှင့် ကန့်သတ်ချက်များကို တရားဉပဒေနှင့်အညီ ညွန်ကြားထားချက်၊ လမ်းညွန်ချက်များဖြစ်သည်။ ROE ကတ်ရေးသားပြုစုရာတွင်  စစ်ပွဲဆိုင်ရာဉပဒေသများ ရာဇသတ်ကြီး၊ ရာဇဝတ်ကျင့်ထုံးနှင့် မြို့ပြအုပ်ချုပ်ရေးတွင် ဝင်ရောက်ကူညီရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကိုးအကားပြု၍ နိုင်ငံတကာ လက်ခံကျင့်သုံးသည့် ပုံစံအတိုင်း ရေးသားပြုစုထားပါသည်။

ROE ပါ စည်းမျဉ်များသည်အသစ်ပေါ်ပေါက်လာသည့် စည်းမျဉ်းများမဟုတ်ဘဲ ယခင်ကတည်းက တပ်မတော်သားများ အစဉ်အမြဲ လိုက်နာကျင့်သုံးဆောင်ရွက်ကြသည့်အမိန့်နှင့်ညွန်ကြားချက်များနှင့်သက်ဆိုင်ရာနယ်ဘက်ဉပဒေ၊ စစ်ဘက်ဆိုင်ရာဉပဒေများနှင့် နိုင်ငံတကာစစ်ပွဲဆိုင်ရာဉပဒေများကို တစ်စုတစ်စည်းတည်း ကျစ်ကျစ်လစ်လစ် ရေးသားဖော်ပြထားခြင်းဖြစ်သည်။

လုံခြုံရေးတာဝန်ထမ်းဆောင်ရာနှင့် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရာတွင်လည်ကောင်း၊ မြို့ပြအုပ်ချုပ်ရေးကို ဝင်ရောက်ကူညီရာတွင်လည်ကောင်း ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများကို လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ညွန်ကြားထားပြီးဖြစ်ပါသည်။

ROE ကတ်ပါအချက်များ

ထမ်းဆောင်ရမည့်တာဝန်

–  ဦးတည်ရန်သူဖြစ်သည့် (—)ကိုသာရှင်းလင်းတိုက်ခိုက်ရန်။

– ကာကွယ်ခုခံရန်နှင့် ရန်သူကိုတိုက်ခိုက်ရန်အတွက် အင်အားသုံးခွင့်ရှိသည်။

မိမိကိုယ်ကို ကာကွယ်ခုခံရာတွင် အင်အားအသုံးပြုခြင်း

– ကာကွယ်ခုခံပိုင်ခွင့် အတွက်သာ အင်အားသုံးခွင့်ရှိသည်။

– အောက်ပါ ပြုလုပ်မှု တစ်ခုခုကို အင်အားအသုံးပြု၍ ကာကွယ်ခုခံမှုပြုရာတွင် အန္တရာယ်ပြုလာသူအား သေစေနိုင်သည် အထိပြုနိုင်သည်-

– သေစေခြင်း သို့မဟုတ် အပြင်းအထန်နာကျင်စေခြင်း ကိုဖြစ်‌စေနိုင်သည့် တိုက်ခိုက်မှု

– ပြုလုပ်တော့မည့်သေစေခြင်း သို့မဟုတ် အပြင်းအထန်နာကျင်သေခြင်းကို ဖြစ်စေနိုင်စည့် လက်ရောက်မှု

– တပ်ဖွဲ့၏ လက်နက်ခဲယမ်းများနှင့် လုံခြုံရေးအတွက် အရေးကြီးသည့် ပစ္စည်းများကို ရုတ်တရက်ခိုးယူမှု သို့မဟုတ် ပျက်စီးစေမှု သို့မဟုတ် ဖျက်စီးမှု

– အောက်ပါပြုလုပ်မှု တစ်ခုခုကို အင်အားအသုံးပြု၍ ကာကွယ်ခုခံမှုပြုရာတွင် အန္တရာယ်ပြုလာသူအား သေစေသည့် အထိမပြုလုပ်ရ။

– သေစေရန် သို့မဟုတ် အပြင်းအထန်နာကျင်စေရန် အန္တရာယ်မရှိသည့်တိုက်ခိုက်မှု

– တပ်ဖွဲ့၏ ပစ္စည်းများကို ခိုးယူမှု သို့မဟုတ် ပျက်စီးစေမှု သို့မဟုတ် ဖျက်စီးမှု

– ကာကွယ်ခုခံပိုင်ခွင့်ကို ကျင့်သုံးရာတွင်

– မိမိကိုယ်တိုင်အတွက်

– မိမိတပ်ဖွဲ့အတွက်

– အခြားသူများအတွက်( ဒေသခံအပြစ်မဲ့ ပြည်သူလူထု စသည်ဖြင့် သတ်မှတ်ပေးထားရမည်ဖြစ်ပါသည်) အင်အား အသုံးပြုခွင့်ရှိသည်။

– အချိန်နှင့် အခြေအနေပေးပါက ပစ်ခတ်ခြင်းမပြုမီ အော်၍ သတိပေးရမည်။

– ရပ်တန့်စေရန်အတွက် အော်၍ သတိပေးရန် (ဉပမာ- “ရပ်၊ မရပ် လျှင် ပစ်မည်”)

အင်အားသုံးခြင်း

– မဖြစ်မနေ ပစ်ခတ်ရန် လိုအပ်လာသည့် အချိန်တွင် ချိန်ရွယ်၍ တစ်တောင့်ချင်း ပစ်ခတ်ပါ။

– ခြိမ်းခြောက်လာမှုကို အင်အားယုတ်လျော့စေမှု ထက်ကျော်လွန်သည့် အင်အားကို အသုံးမပြုရ။

– အများပြည်သူတို့အား ဘေးအန္တရာယ်မှ အကာအကွယ်ပေးရန် နယ်ဘက်အာဏာပိုင်က အကူအညီတောင်းခံလာလျှင် လူစုလူဝေးကို လူစုခွဲရန် လိုအပ်သော အင်အားကို သုံးနိုင်သည်။

– လိုအပ်ပါက ရှာဖွေခြင်း၊ လက်နက်ဖြုတ်သိမ်းခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းတို့ကို ပြုလုပ်နိုင်သည်။ ဖမ်းဆီးထိန်းသိမ်းထားသူအား သက်ဆိုင်ရာ အာဏာပိုင်များထံ အမြန်ဆုံးလွှဲပြောင်းပေးရမည်။

– လူစူခွဲခြင်း၊ ဖမ်းဆီးထိန်းသိမ်းခြင်းတို့ ပြုလုပ်ရာတွင် အင်အားအနည်းငယ်ကိုသာ သုံးပြီး လူနှင့် ပစ္စည်းများကို အနည်းဆုံးသာ ထိခိုက်ပျက်စီးစေရမည်။

– မိမိ ပစ်မှတ်မဟုတ်သည့် အခြားသူများကို ထိခိုက်မှုမရှိစေရန် ကြိုတင်ကာကွယ်မှု ရှိရမည်။

 

ရန်သူကိုတိုက်ခိုက်ရန်အင်အားအသုံးပြုခြင်း

– (—-) နယ်မြေအတွင်း အောက်ပါတို့ကို အင်အားသုံးတိုက်ခိုက်နိုင်သည်

– စစ်ရေးရည်မှန်းချက်များ

– (—)လက်နက်ကိုင်အုပ်စုများ

– အရပ်သားများနှင့် အရပ်ဘက်ပစ္စည်းများကို မတော်တဆ သို့မဟုတ် ဆက်စပ်၍ ထိခိုက်ဒဏ်ရာ ရရှိစေခြင်း၊ ထိခိုက်ပျက်စီးစေခြင်း အနည်းဆုံးဖြစ်အောင် လုပ်ဆောင်ရမည်။

– ဖမ်းဆီးရမိသူများကို လူသားဆန်စွာ ဆက်ဆံရမည်။

********

၁။ ရန်သူကိုသာ တိုက်ခိုက်ပါ။

၂။ စစ်ရေးရည်မှန်းချက်များကိုသာတိုက်ခိုက်ပါ။

၃။ အရပ်သားများကို ကာကွယ်စောင့်ရှောက်မှုပေးပါ။

၄။ စစ်ပွဲဆိုင်ရာ ဉပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပါ။

၅။ စစ်ပွဲဆိုင်ရာ ဉပဒေနှင့်အညီ လုပ်ဆောင်ပါ ၊ ဉပဒေချိုးဖောက်ကြောင်း သံသယ ရှိပါက အထက်အရာရှိများထံ သတင်းပို့ပါ။

၆။ အရပ်သားပိုင်ပစ္စည်ူများကို လေးစားပါ။

၇။ လက်နက်ချလာသူကို မတိုက်ခိုက်ရ။

၈။ မိမိကိုယ်တိုင်ဖြစ်စေ၊ မိမိတပ်ဖွဲ့ ၊ မိမိတပ်ကို ပူးပေါင်းဆောင်ရွက်နေသောတပ်ဖွဲ့၏ တပ်ဖွဲ့ဝင်များနှင့် ပစ္စည်းများကို ကာကွယ်ခြင်းမှ အပ ဆေးရုံများ၊ ဗလီများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ အထွက်အမြတ်ထားသောနေရာများ ၊ စာသင်ကျောင်းများ ၊ပြတိုက်များ၊ အမျိုးသား အထိမ်းအမှတ်များနှင့် အခြားသော သမိုင်းဆိုင်ရာနှင့် ယဉ်ကျေးမှုဆိုင်ရာ နေရာများကို မတိုက်ခိုက်ရ။