မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ်ကမကောင်းပဲ
သူများကို လက်ညိုးမထိုးချင်ပါနဲ့ ။

ကိုယ့်ရဲ့အပြစ်ကြီးကြီးကိုမမြင်ပဲ
သူများအပြစ် သေးသေးလေးကို
မတရားလည်း ချဲ့မပြချင်ပါနဲ့ ။

သူများသမိုင်း သူများရေးသလို
ကိုယ့်သမိုင်းလည်း ကိုယ်ရေးပါ ။

သူမှားရင် သူခံရမှာဖြစ်သလို
ကိုယ်မှားရင်လည်း ကိုယ်ခံရမှာပါ ။

အပြစ်တင်တတ်တာနဲ့
အကောင်းမြင်တတ်တာဟာ
အကျိုးရလဒ် မတူညီကြပါဘူး ။

အပြစ်တင်နေရင်
အကုသိုလ်ရပြီးပူလောင်ရသလို

အကောင်းမြင်ရင်လည်း
ကုသိုလ်ရပြီး ချမ်းသာရပါတယ် ။

အဆုံးမ သာသနာရဲ့အောက်မှာ
ခိုလုံနေကြတဲ့ သူတွေဟာ

အပြစ်တစ်ခုရှိလာတယ်ဆိုရင်
လွန်ကျူးသူက ၀န်ခံရပြီး

ကျန်သူများက အမျက်မထားပဲ
ခွင့်လွတ်နားလည်ပေးကြရမှာပါ ။

ဒါမှ အမျက်တွေမပွားပဲ
အချစ်မေတ္တာတွေနဲ့လှနေကြမှာပါ ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏