ပြည်တွင်းရှိ ဆီစက်များအား ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်

စားသုံးဆီများသန့်စင်သည့် နည်းပညာများပံ့ပိုးနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါတယ်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက မိမိတို နိုင်ငံတွင် မြေပဲ၊ နှမ်း၊ နေကြာ၊ ဆီအုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ပဲပုပ် စသည့် ဆီထွက်သီးနှံများ

စိုက်ပျိုးလုပ်ကိုင်လျက်ရှိသော်လည်း ပြည်တွင်းဆီစားသုံးမှုတွင် မြေပဲဆီနှင့် နှမ်းဆီနှစ်မျိုးသာ အဓိကထုတ်လုပ်သုံးစွဲလျက်ရှိကြောင်း၊ ထိုကြောင့် နေကြာဆီအပါအဝင် စားအုန်းဆီ၊

ပန်းနှမ်း ဆီ၊ မုန်ညင်းဆီ၊ ပဲပုပ်ဆီ၊ ဝါစေ့ဆီ၊ ဖွဲနုဆီ စသည့် ဆီအမျိုးမျိုးကို စိုက်ပျိုးထုတ်လုပ်လျှင် စားသုံးဆီတင်သွင်းမှုအတွက်အသုံးပြုရသော နိုင်ငံခြားငွေချွေတာနိုင်ခြင်းကြောင့်

အခြားပြည်တွင်းလိုအပ်ချက်များကို ပိုမိုဖြည့်ဆည်းတိုးချဲ့ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံဆီထွက် သီးနှံတိုးချဲ့စိုက်ပျိုးရေး၊ စားသုံးဆီဖူလုံရေးနှင့် ဆီစက်များ

အဆင့်မြှင့်တင်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပုဂ္ဂလိကအဖွဲအစည်းများ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကဏ္ဍတစ်ခုနှင့်တစ်ခု အချိတ်အဆက်မိမိ

ဆောင်ရွက်နိုင်ရေးအတွက် ညှိနှိင်းအဖြေရှာပြီး လက်တွေ့အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲမှ စားသုံးဆီများ သန့်စင်သည့် (Refinery)

နည်းပညာဆိုင်ရာများ သိရှိနိုင်မည်ဖြစ်သည့်အတွက် ဆီစက်လုပ်ငန်း ရှင်များအနေဖြင့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် အထောက်အကူရစေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပြည်တွင်း၌ စားသုံးဆီဖူလုံရေးနှင့် သန့်စင်သောဆီများအသုံးပြုနိုင်ရေး

ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ သန့်စင်သည့်ဆီများ ထုတ်လုပ်နိုင်ရေးအတွက် ခေတ်မီဆီစက်များရှိရန်လိုအပ်ကြောင်း၊ သိုမှသာ ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်သည့်ဆီများကို

အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ ဆီအုန်းများကို စိုက်ပျိုးလျက် ရှိသော်လည်း စားသုံးရန်အသင့်ဖြစ်သော ဆီချောထုတ်လုပ်ရန် စိန်ခေါ်မှုများရှိနေပါကြောင်း၊ ပြည်တွင်း၌စားသုံးဆီများထုတ်လုပ်ရာတွင်

ကုန်စင်အောင်ကြိတ်ခွဲနိုင်ရေးအတွက် ဆီစက် လုပ်ငန်းများဖွံဖြိုးတိုးတက်ရန်လိုကြောင်း ပြောကြားသည်။

ထိုနောက် သမဝါယမနှင့်ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ဌာနအနေဖြင့် ဆီစက်အသေးစားများကိုတည်ဆောက်၍ ပြည်တွင်းဆီလိုအပ်ချက်ကို တစ်ဖက် တစ်လမ်းမှ

ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် တောင်သူ လယ်သမားများအစုအဖွဲ သမဝါယမအသင်းများမှတစ်ဆင့် ဆီထွက်သီးနှံများ စိုက်ပျိုးနိုင် အောင်

ကူညီဖြည့်ဆည်းပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆီစက်များအတွက် ကုန်ကြမ်းရရှိရေး၊ အသေးစားစက်မှုလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် အစွမ်းကုန်ဖြည့် ဆည်းပေးသွားမည်ဖြစ်ကြောင်း

ပြောကြားခဲ့သည်။
ယင်းနောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက ပြည်ပမှစားသုံးဆီများကို တစ်နှစ်လျှင် တန်ချိန် ၈ သိန်းခန့် တင်သွင်း နေရကြောင်း၊

ပြည်တွင်းရှိဆီစက်များကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်တွင်းရှိဆီစက်များအား ဖွံဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးနိုင်လျှင် အနာဂတ်စားသုံးဆီလိုအပ်ချက်ကို

ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် စားသုံးဆီများသန့်စင်သည့် နည်းပညာများရရှိရေးအတွက် မူဝါဒပိုင်းဆိုင်ရာ၊ ဘာသာရပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို

အစွမ်းကုန်ကူညီဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရှိရပါတယ်ရှင်။