မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

သူများကို အားကျပြီးတော့
ကိုယ့်ဘ၀ကိုအားမရမဖြစ်ပါစေနဲ့ ။

ကိုယ့်ဘ၀ကို အထင်ကြီးပြီးတော့
သူများဘ၀ကို
အထင်လည်းမသေးမိပါစေနဲ့ ။

ဘယ်လိုဘ၀အနေထားကိုပဲရရပါ
စိတ်ညစ်မှုအကုသိုလ်တွေမဖြစ်စေပဲ
ကျေနပ်လက်ခံနိုင်အောင်ကြိုးစားပါ ။

ကိုယ်လုပ်နိုင်သလောက်ကိုပဲ
ကိုယ်တိုင်ဂုဏ်ယူတတ်ဖို့လိုပါတယ် ။

ကိုယ်ရောက်သလောက်ကိုပဲ
မပေါ့ဆပဲ ကျေနပ်သင့်ပါတယ် ။

ကြိုးစားလုပ်ပေမယ်လည်း
လုပ်သလောက်မရတဲ့အခါမျိုးလည်း
ရှိတတ်သည့်အတွက်

အဆင်မပြေမှုအရှုးတွေ့တိုင်းလည်း
ဘ၀တွေ လဲကျမသွားပါနဲ့ ။

အရာရာခဏပါဆိုတဲ့သဘောကို
နားလည်တယ်ဆိုရင် နိုးထခြင်းဖြင့်
ဘ၀ကို ရှေ့ဆက်သင့်ပါတယ် ။

ဘ၀ဆိုတာ ဖြစ်ချင်တာတွေရဖို့
ထိုက်တန်တဲ့ရင်နှီးမှု ဒုက္ခရှိစမြဲဖြစ်လို့

အချိန်တန်ရင် အခြေနေအားလုံးဟာ
တည်ငြိမ်ရင့်ကျက်သွားမှာပါလိုပဲ
စိတ်နှလုံးသွင်းထားဖိုလိုအပ်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏