NUG ၊ PDFအကြမ်းဖက်သမားများ၏ မတရား အနိုင်ကျင့်ဖမ်းဆီးချုပ်နှောင်ထားသူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကောင်းမွန်စွာပြန်လည်ကယ်တင်နိုင်ခဲ့

NUG ၊ CRPH တို့၏လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက စစ်ကိုင်းတိုင်း ဒေသကြီးအတွင်း မြို့ရွာများမှ မတရားအနိုင်ကျင့် ဖမ်းဆီးချုပ်နှောင်ထားသော အမျိုးသမီးနှင့်ကလေးငယ်များအပါအဝင် နိုင်ငံဝန်ထမ်းများ၊ ကျေးရွာသူ၊ ကျေးရွာသား ၂၆ ဦးအား ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ ၊ မြောက်ယမားဆည်အနီးရှိ PDF အမည်ခံ အကြမ်းဖက်သမားများ၏ စခန်းအတွင်းမှ ကောင်းမွန်စွာ ပြန်လည် ကယ်တင် နိုင်ခဲ့ကြောင်းသိရှိရပါတယ်။

ဖြစ်စဉ်မှာ  ဂန့်ဂေါမြို့နယ်အနီး နယ်မြေခံတပ်ရင်းမှ အရာရှိဇနီးတစ်ဦးသည် အောက်တိုဘာလ ၁၂ ရက်တွင်မုံရွာမှကျောမြို့သို့ လိုက်ပါလာစဉ် ကန်ဒေါင့်ကျေးရွာ အနီးတွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံခဲ့ရ သဖြင့် ခင်ပွန်း၊မိဘများနှင့် အဆက်သွယ်ပြတ်တောက်ခဲ့သည်။ ထိုသို့အဆက်သွယ် ပြတ်တောက် မှုကြောင့် အရာရှိဖြစ်သူအနေဖြင့် သက်ဆိုင်ရာ အထက်ဌာနသို့ တင်ပြခဲ့ ရာ နယ်မြေအတွင်း အမာခံသတင်းပေးများဖြင့် နယ်မြေသတင်းများကို စနစ်တကျ စုဆောင်းဖော်ထုတ်ခဲ့စဉ် နောက်ဆုံးဆက်သွယ်မှုရရှိသည့် ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်နှင့် ရွှေလှန်ကျေးရွာတစ် ဝိုက်တွင် ဖမ်းဆီးချုပ်နှောင်ထားနိုင် ကြောင်းသုံးသပ်ပြီး  အောက်တိုဘာလ ၁၉ ရက် နှင့်၂၀ ရက်တွင် ကွန်မန်ဒိုတပ်ဖွဲ့ ဖြင့် ရင်ပေါင်တိုင်နှင့် ရွှေလှန် ကျေးရွာတစ်ဝိုက် တွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ KIA နှင့် PDF အမည်ခံ အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ များဖြစ်ပွားခဲ့ပြီး ၎င်းတို့ အခြေပြုစခန်း အပါအဝင် အလောင်းနှင့် လက်နက် ခဲယမ်း အချို့သာ သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးခံထားသူများ၏ သဲလွန်စများရရှိခဲ့ခြင်း မရှိကြောင်း သိရှိရကါတယ်။

ဆက်လက်၍ ဖမ်းဆီးခံရသူများ ပြန်လည်ကယ်တင်နိုင်ရေး နယ်မြေအတွင်းရှိ အမာခံသတင်းပေးများဖြင့် စုံစမ်းဖော်ထုတ်ခဲ့ရာ ဖမ်းဆီးခံရသူများ ချုပ်နှောင်ထား သည့် အကြမ်းဖက် စခန်း၏ တည်နေရာ ထပ်မံဖော်ထုတ်ရရှိသဖြင့် ကွန်မန်ဒို အဖွဲ့ဖြင့်ထပ်မံ စီးနင်း ခဲ့ရာ အောက်တိုဘာလ ၁၂ ရက်တွင် ဖမ်းဆီးခံရသည့် အရာရှိဇနီးအပါအဝင် ၎င်းတို့ ဖမ်းဆီးချုပ်နှောင်ထားသည့်အပြစ်မဲ့ အမျိုးသမီး ၇ ဦး၊ ကလေးငယ် ၄ ဦး၊ အမျိုးသား ၁၅ ဦး အား အန္တရာယ်ကင်းစွာ ကယ်တင်နိုင်ခဲ့သည်။ ပြန်လည်ကယ်တင်နိုင်ခဲ့သူများတွင် ခရီးသွားစဉ် ဖမ်းဆီးခံရသည့် အပြစ်မဲ့ ပြည်သူများ၊ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၂၂ ရက်တို့ တွင် ဇီးဖြူကုန်းကျေးရွာ အိမ်ခြေတစ်ရာကျော်အား အကြမ်းဖက်အဖွဲ့က မီးရှို့ ဖျက်ဆီးခဲ့မှုကြောင့် တောအတွင်း ထွက်ပြေးနေစဉ်ဖမ်းဆီးခံရသူများ၊ တပ်မတော်သား နှင့် ရဲတပ်ဖွဲ့ဝင် အချို့၊  အသက်၂ နှစ်အရွယ်နှင့်အသက် ၁၂ နှစ်အရွယ် ကလေးငယ် ၂ ဦးတို့ပါဝင်ပြီး အချို့သည် ၇ လမှ တစ်နှစ်နီးပါးခန့် ဖမ်းဆီးချုပ်နှောင်ခံထားရသူများ ဖြစ်ကြောင်းသိရှိရသည်။

ထိုသို့ကယ်ထုတ်ရာတွင်  ကွန်မန်ဒိုတပ်ဖွဲ့နှင့် KIA နှင့် PDF အမည်ခံ အကြမ်း ဖက်သမားများဖြင့် ထိတွေ့တိုက်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်အဖွဲ့များ အရှေ့ဘက်နှင့် အရှေ့တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကာ ၎င်းတို့ထံမှ အကြမ်းဖက် သမားအလောင်းအချို့နှင့် လက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ၎င်းတို့ဆုတ်ခွာ ထွက်ပြေးစဉ် ဖမ်းဆီးထားသူများထားရှိရာ အဆောက်အဦအား ဖောက်ခွဲဖျက်ဆီး ခဲ့ခြင်းကြောင့် ဖမ်းဆီးခံရသူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဆေးကုသမှုများ ဆောင်ရွက်ပေးခဲ့ရသည်။

အပြစ်မဲ့အမျိုးသမီးများနှင့် ကလေးသူငယ်များကို အတင်းချုပ်နှောင် ဖမ်းဆီးခြင်း၊ အပြစ်မဲ့ပြည်သူများ၊ နိုင်ငံဝန်ထမ်းများကို အကြပ် ကိုင်ခြိမ်းခြောက်ချုပ် နှောင်ခြင်းများသည် ဂျီနီဗာကွန်ဗန်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇ ဝတ်မှု (War Crime)ကျူးလွန်ရာ ရောက်ပြီး အဆိုပါ စစ်ရ ဝတ်မှုများအတွက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီး နှင့်သက်ဆိုင်ရာ တည်ဆဲဥပဒေ များဖြင့် ၎င်းတို့အပေါ် ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်ချေမှုန်းရေး ဆောင်ရွက်မှု   ( Counter-terrorism Action ) ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အများပြည်သူများအနေဖြင့် အကြမ်းဖက်အဖွဲ့၏ လုပ်ရှားမှု သတင်းများရရှိက လုံခြုံရေး တပ်ဖွဲ့ဝင်များထံသို့ လျို့ဝှက်စွာ သတင်းပေးတိုင်ကြား ရန် အသိပေးသတင်းထုတ်ပြန်အပ်ပါသည်ဟု သိရှိရပါတယ်ရှင်။