တပ်မတော်(လေ) က သူရဘွဲ့ရရှိခဲ့သည့် အရာရှိ

အမြင့်ပျံသမား(သို)မုံးကိုးကောင်းကင်ယံမှ တိုက်ပွဲတစ်ခု ဖြစ်ရပ်မှန်..ဇာတ်လမ်း–

တပ်မတော်လေသမိုင်းမှာ မင်းရန်အောင် စစ်ဆင်ရေးကြီးနဲ့မော်ဖကိုထိမ်းချုပ်စဉ်က တိုက်ပွဲဟာအကြီးမားဆုံးလိုပြောကြပါတယ်ရဟတ်ယာဉ်တွေ၊T.33တွေ၊PC.6/တွေနဲ့တိုက်ခဲ့ကြတာဖြစ်ပြီး T.33တိုက်လေယာဉ်လေးစီး၊PC.7တိုက်လေယာဉ်.၆စီး၊PC.6လေယာဉ်.၂စီး၊ဘလ်.၂၀၅ရဟတ်ယာဉ်.၆စီး၊ဘဲ၂၀၆ရဟတ်ယာဉ်.၂စီးနဲ့စုစုပေါင်းလေယာဉ်၂၃စီးထိပါခဲ့တယ်လိုဆိုတယ်၊အနီးကပ်လေကြောင်းပစ်ကူ ၆၀၇ခေါက် ပွိင့်5ကျည်ပေါင်း.၂၉၇၄၇တောင့်၊2.75ရော့ကက်ပေါင်း 1105တောင့်၊ဗုံးအလေးချိန်180940 ပေါင်၊လက်နက်ရိက္ခာလူနာကောက် ခေါက်ရေပေါင်း  1052 ခေါက်အလေးချိန်567635ပေါင် သယ်ယူပေးခဲ့သောကြီးမားသည့်လေကြောင်းစစိဆင်ရေးကြီးအဖြစ်မှတ်တမ်းများမှာတွေ့ရတယ်။

ယနေ့မုန်းကိုးစစ်ဆင်ရေးကြီးတွင် ကျနော်တိုA.5တွေတိုက်ရတဲ့ နေ့အလိုက်တိုက်ပွဲတွေမှာကထမပိုင်းမှာပွိင့်.5တွေနဲ့
ပြန်လည်ပစ်ခတ်တာမျိုးရှိပေမဲ့၊ပွိင်.5ပစ်ရာနေရာတွေကိုကင်းထောက်လေယာဉ်နဲ့မြေပြင်ကအကဲကြည့် 0P ကအသေအချာညွှန်ပြတာကြောင့်ဆရာ့လေယာဉ် ဗုံးမကြဲမှီ wingman ဖြစ်တဲ့ကျနော်က၀င်ရောက် ရှင်းထုတ်ပစ်ရတယ်။

စိတ်တိုင်းကျ တိုက်ရတဲ့နေ့တွေက ၁ရက်၂ရက်၄ရက်နေ့တွေမှာတိုက်ရတဲ့ပွဲတွေက စိတ်တိုင်းအကျဆုံးဘဲ။၁ရက်နေ့မှာပွိင့်.5နဲ့ လေးလေးနဲ့မှန်မှန်ပစ်နေတဲ့ပွိင့်..5မီးပွင့်ကြီးကြီးကိုရော့ကက်၄လုံးတွဲနဲ့ပစ်ခတ်ချေမှူန်းနိုင်သလို၊ မြို့ထဲကပစ်နေတဲ့ပွိင့်.5ကိုလဲတွေ့တာကြောင့် ရော့ကက်နဲ့ပစ်ရှင်းတယ် ၊သာမာန်အားဖြင့်မြိုမနာအောင် ထိမ်းသိမ်းနေပေမဲ့ မြို့ထဲမှာအရပ်သားတယောက်မှမရှိတဲ့သတင်းတွေရတာကြောင့်မလွဲသာမရှောင်သာ၀င်ရှင်းရတယ်၊

၂ရက်နေ့ညနေမှာ ရန်သူအင်အားအတော်များများဟာ ငြိမ်းချမ်းအောင်ရဲ့ကာကင်းကုန်းကိုလူအင်အားနဲ့တက်လုံးဖိုကြိုးပမ်းနေကြောင်း
သတင်းအရ ကျနော်နဲ့ကျနော့်ဆရာ(၉၈.အုပ်မှူး)နဲ့၂စီးတက်ခဲ့တယ်၊အနိမ့်ပျံ၀င်လာတာမို့ ငြိမ်းချမ်းအောင်ကာကင်းကုန်းကိုတက်လုံးဖိုကွင်းပြင်ကိုဖြတ်ပြီးတက်လာတဲ့ရန်သူတွေကိုဘွားကနဲတွေမြင်လိုက်ရတာနဲ့လေယာဉ်ကိုဦးစိုက်ဆင်းပြီး 90.mm.ရော့ကက်၁၄လုံးနဲ့ပစ်ခတ်ချေမှူန်းတယ်၊အောက်က OPကလဲ သီဟအဲဒီနေရာကိုချချနဲ့အော်နေသံကြားရတယ်၊ကျနော့်ဆရာကိုလဲ ရော့ကက်ပစ်တဲ့နေရာကို၀င်ချဖို ပစ်မှတ်ညွှန်ပြလိုက်တဲ့အချိန်မှာဆရာ့လေယာဉ်ကချလိုက်တဲ့250.kgဗုံးလေးလုံးပေါက်ကွဲအားကြောင့် လေယာဉ်တောင်သိမ့်သိမ့်တုန်သွားတယ်၊ ရန်သူဟာ ဘာအလောင်းမှ
မကောက်နိုင်ဘဲတရုတ်နဲ့နီးတဲ့ချောင်းစပ်ဘက်ကိုဆုတ်ပြေးတယ်ကျနော်နောက်တကြိမ်ကွေ့အလာမှာ OPက သီဟချောင်းစပ်ကိုပစ်.ပစ်လို့ ပစ်မှတ်ညွှန်ပြပေးတာကြောင့် ချောင်းစပ်ကိုစက်သေနတ်နဲ့အတွဲလိုက်လိုက်ပစ်တယ်၊ရန်သူဟာညနေ၄နာရီလောက်မှာ အလစ်၀င်ပြီလူအားနဲ့လုံးဖိုကြိုးပမ်းတာဖြစ်လိုအတော်အထိနာသွားတယ်တရုတ်ဖက်ဆေးရုံမှာလူနာတွေဒင်းကြမ်းဖြစ်သွားတယ်ကြားတယ်၊သေတဲ့လူတွေကိုဘက်ဟိုးနဲ့တွင်းကြီးတူးပြီးမှ မြုပ်ကျတာကြောင့် စစ်ရှောင်တွေအသားကင်မစားချင်လောက်အောင်ဖြစ်နေတယ်လိုသတင်းတွေ တက်နေတယ်။

ဖုန်ကြားရှင်နာမည်ကြီးတာကစစ်မတိုက်ခင်ထမ်းစဉ်တွေကြိုလုပ်လေ့ရှိတယ်လို့ နာမည်ကြီးတယ်၊ခုထမ်းစဉ်လောက်နဲ့မရတော့ဘူး လူနာတင်ကားတွေပါသုံးနေရပြီ။မြေပြင်ကစစ်ကူအဖွဲတွေမုန်းကိုးနားကပ်နေပြီမို့ ရန်သူဟာ ကာကင်းကုန်းနဲ့ဗျူဟာစခန်းကုန်းတွေကိုအမြန်သိမ်းဖို့ ည၈နာရီလောက်မှာ တကြော့ပြန်ုလာတိုက်ပေမဲ့ အမြောက်ကြီးတွေလက်ချက်၊နဲ့ကာကင်းနဲ့ဗျူဟာကုန်းက ရဲရဲဝံ့ဝံ့ခံတိုက်နေတာကြောင့်တညလုံးတိုက်ပွဲဖြစ်နေပေမဲ့သိမ်းပိုက်နိုင်ခြင်းမရှိဘူး အာရုံတက်လာရင်ရွှေတောင်ပံတွေပစ်ကူပေးဖို့ရောက်လာလိမ့်မယ်ဆိုတာရန်သူကရော တပ်မတော်သားတွေကပါသိနေကြတယ်..

ဒီဇင်္ဘာလ.၄ရက်…
စစ်ကူစစ်ကြောင်းတွေဟာဖြတ်တောက်ပိတ်ဆိုထားတဲ့တပ်တွေကိုကျော်ဖြတ်နေပြီ ၊တပ်မ.၈၈ကလဲ ရဟတ်ယာဉ်တွေနဲ့ဆင်းလာနေသလို တပ်မ.၁၁ကလဲတောလမ်းကနေ၀င်လာနေပြီ၊ရန်သူဟာနောက်ဆုံးထိုးစစ်ကိုဒီဇင်္ဘာလလေးရက်နေ့မှာဆင်နွှဲတော့တယ်။ကျနော်တိုရောက်သွားချိန်မှာကောင်းကင်မှာရွှေတောင်ပံတွေဝဲနေပြီ သတ်မှတ်အမြင့်မှာနေရာယူပြီးတာနဲ့ ရန်သူကိုအလှည့်ကျ၀င်ရှင်းကြတယ်။ကျနော်နဲ့ကျနော့်ဆရာလေယာဉ်၂စီးအတွဲလိုက်ဆင်းပြီးသမကြတယ်။ ရန်သူဟာအထိနာနေပါပြီ ကျနော်တို့ပြုသမျှခံနေရတာ၁၄ရက်လောက်ရှိနေပြီ၊အဆုံးသတ်ပေးဖို့ဘဲကျန်ပါတော့တယ်ဒါ့ကြောင့်လေယာဉ်ကိုနိမ့်ဆင်းပြီးကင်းထောက်လေယာဉ်နဲံ့ အကဲ့ကြည့်OPညွှန်ပြရာနေရာတွေကိုစက်သေနတ်ရောဒုံးတွေနဲ့ပါ၀င်ရှင်းတယ်။

ဒီအချိန်မှာဘဲတပ်မတော်လေအတွက် ၆၉နှစ်သက်တမ်းတလျှောက်မှာမကြုံဘူး သေးတဲ့ရန်သူရဲ့ခုခံမှုကိုကြုံလိုက်ရတယ်.

အဲဒါကတော့ ပထမဆုံးအကြိမ် တရုပ်လုပ်HN.5သိုမဟုတ်FN.6လိုယူဆရတဲ့Manpadနဲ့ပစ်ခတ်ခံလိုက်ရတယ်၊ManpadဆိုတာMan Portable Air Defence Systemအမျိုးအစားဖြစ်ပြီးအနိမ့်ပျံလေယာဉ်နှင့်ရဟတ်ယာဉ်တွေကိုပစ်ချနိုင်စွမ်းရှိတဲ့ အနီအောက်ရောင်ချည်စနစ်ပါလေယာဉ်ပစ် လက်နက်ဖြစ်ပါတယ်။
နေ့စဉ်ရက်ဆက်ပစ်ခတ်တိုက်ခိုက်နေခဲ့တာမို ရန်သူဆီက ပွိင့်.5ထက်ကြီးတဲ့လက်နက်နဲ့ ပစ်ခတ်မှူတကြိမ်မှာမခံရဘူးသလို၊တပ်မတော်လေသမိုင်းမှာလဲမရှိခဲ့ဘူးဘူး၊ ရန်သူဟာကျနော်တိုလုပ်သမျှခေါင်းငုံခံနေခဲ့ရတဲ့ဘ၀ပါ။ သာမာန်အားဖြင့် missileနဲ့ပစ်ခတ်ခဲ့ရင်လဲ်၊လေယာဉ်မှူးအနေနဲ့  missile smokeကိုမြင်တွေ့ဖို့ ခဲယာဉ်းတယ်၊ missile Alert နဲ့ radar receiverတွေကိုသာအားကိုးရတယ်၊ကျနော်တိုလေယာဉ်မှာradar reciverသာပါတာမို့ စက္ကန့်ပိုင်းအတွင်းဒုံးကျည်လိုယူဆရတဲ့အရာကိုမြင်တာနဲ့ မသိစိတ်ရဲ့တုန့်ပြန်မှုနှင့် လေယာဉ်ကို ပါဝါထိုးပြီး missile altitudeနှင့် flight ceilingကလွတ်အောင်ဆွဲတင်လိုက်တယ်၊flareတွေမပါလာတဲ့အတွက်ပညာရှင်တွေပြောတဲ့Deadly Stuntနည်းလမ်းကလွဲပြီးအချိန်တိုအတွင်းဆောင်ရွက်ဖို့အခြားနည်းလမ်းမရှိနိုင်ဘူး၊ဒါကြောင့်အနီအောက်ရောင်ချည်စနစ်နဲ့လေယာဉ်ရဲ့အင်ဂျင်အပူကိုခြေရာခံလိုက်လာတဲ့ဒုံးကျည်ဟာ၊အင်ဂျင်ကိုထိမှန်ခြင်းမရှ်ဘဲ လေယာဉ်အိပ်ဇောကထွက်တဲ့ကြီးမားတဲ့HeatThermal
တွေ ကြောင့်နောက်ဘက်လေယာဉ်အမြီးနဲ့ခပ်လှန်းလှန်းမှာ ဒုံးကျဉ်ပေါက်ကွဲသွားတဲ့မီးရောင်နဲ့ လေယာဉ်ကိုရိုက်ခတ်သွားတဲ့Explosive wavesတွေကြောင့် လေယာဉ်ဟာတုံခါလူးလွန့်သွားပေမဲ့ ပါဝါထိုးထားတဲ့အင်ဂျင်Thrust ကြောင့်လေယာဉ်ကအပေါ်ကိုထိုးတက်သွားတယ်။လေယာဉ်အင်ဂျင်ကိုထိမှန်ခဲ့ရင်တော့၊လေယာဉ်ဟာလေထဲမှာတင်ပေါက်ကွဲသွားမှာပါဘဲ။

ကျနော့်ကိုပစ်ခတ်လိုက်တဲ့Sport missile smoke ကိုမြင်တွေ့သွားတဲ့ကျနော့်အုပ်မှူးဟာ မင်းကိုပစ်တဲ့နေရာငါ၀င်ချမယ်လိုအော်ပြောလိုက်တဲ့အသံကိုစက်ထဲကကြားလိုက်ရတယ်၊ တပ်မတော်လေကိုထိရင်ချက်ခြင်းတုန့်ပြန်တတ်တဲ့ဆရာ့စိတ်ဓာတ်ဟာအလွန်လေးစားစရာကောင်းပေမဲ့၊အလွန်လဲအန္တရာယ်ကြီးခဲ့ပါတယ်—

သို့သော် ကျနော်တို ရန်သူ့ပစ်မှတ် ကိုရှင်းပစ်ပြီးမြေပြင်ကိုချောမောစွာရောက်ရှိလာခဲ့ပါတယ်။

crd တောင်ပေါ်သား