ကျိုက်ထီးရိုးတောင်တက်ကားဂိတ်ကို KNLA တပ်မဟာ(၁)နှင့် အကြမ်းဖက် NUG လက်ပါးစေအုပ်စုမှ လာရောက်တိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း မော်လမြိုင်မြို့၌ ဆန္ဒထုတ်ဖော်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်းမွန်းချောင်းတောင်တက်ကားဂိတ်ကို KNLA တပ်မဟာ(၁)နှင့် အကြမ်းဖက် NUG လက်ပါးစေအုပ်စုမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်ပွဲကို အောက်တိုဘာ ၂၂ ရက်တွင် သံဃာတော်များနှင့် အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများ စုပေါင်း၍ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အထက်လမ်းမကြီးရှိ သံလွင်ဉယျာဉ်ပန်းခြံအတွင်း၌ ပြုလုပ်ခဲ့သည်ဟု သိရှိရပါတယ်။