လွိုင်ကော်ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်သည့် သေနတ်သမား အသေပစ်ခတ် ဖမ်းဆီးရမိ

လွိုင်ကော်မြို့နှင့် လွိုင်ကော်လေယာဉ်ကွင်းကို လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ လေယာဉ်ဆင်းသက်ရာလမ်းကြောင်းတစ်လျှောက် လေယာဉ်အား ပစ်ခတ်နိုင်သည့် နေရာတွေကို နယ်မြေရှင်းလင်းခဲ့ရာ

ဒီနေ့မနက် ၉ နာရီခန့်မှာ..

ထီးရီးကျေးရွာသားတစ်ဦး၏ သတင်းပေးချက်အရ ခရီးသည်လေယာဉ်အား ပစ်ခတ်ခဲ့သည့် တောင်ကုန်းပေါ်ရှိ KNPP နှင့် PDF အကြမ်းဖက် ၈၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နံနက် ၁၀ နာရီခန့်မှာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်..

ဆုတ်ခွာသွားတဲ့ တောင်ကုန်းအား ဆက်လက်ရှင်းလင်းခဲ့ရာ စက်တင်ဘာ ၃၀ ရက်က လွိုင်ကော် ခရီးသည်တင်လေယာဉ်ကို စနိုက်ပါသေနတ်ဖြင့် ပစ်ခတ်ခဲ့သည့် အသက် ၂၀ ခန့် ပြောက်ကျားယူနီဖောင်းဝတ် အကြမ်းဖက်သမားတစ်ဦးအား ..

၎င်းကိုင်ဆောင်သည့် MOSSBERG(ပွိုင့် ၃၀၈) စနိုက်ပါ ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်၊

လွိုင်ကော်မြို့မြေပုံနှင့် လွိုင်ကော်လေယာဉ်ကွင်းသို့ လေယာဉ်ချဉ်းကပ်သည့် လမ်းကြောင်းပြမြေပုံများနှင့်အတူ အသေဖမ်းဆီးရမိခဲ့ပါတယ်..

ဖမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေနဲ့ လေယာဉ်ဆင်းသက်ရာလမ်းကြောင်းပြမြေပုံနှင့် လေယာဥ်ကို ပစ်ခတ်ခဲ့သည့်နေရာပြ​မြေပုံတွေကို ဖော်ပြပေးလိုက်ပါတယ်…

zawgyi font





၎င်းကိုင်ဆောင်သည့် MOSSDERG(ပွိုင့် ၃၀၈) စနိုက်ပါ ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၁၅ တောင့်၊

