မကြာမီ ရက်ပိုင်းအတွင်း KIO ဥက္ကဋ္ဌ ဖြစ်သူ အင်ဘန်လ နေရာလွှဲပေးရတော့မလား ?

လက်ရှိ KIO ဥက္ကဋ္ဌ ဖြစ်သူ အင်ဘန်လအား ဖြုတ်ချပြီး ၎င်းနေရာအား KIA စစ်ဦးစီးချုပ်ဖြစ်သူ ဂမ်ရှောင်အုပ်စုမှ ဆက်ခံသွားမည့်အကြောင်း
သတင်းပေါက်ကြားလာခဲ့တယ်လို့ ခိုင်မာသည့် KIO သတင်းရင်းမြစ်များထံမှ ကြားသိခဲ့ရပါတယ်။

KIO ဥက္ကဋ္ဌဖြစ်သူ အင်ဘန်လသည် လက်ရှိအချိန်တွင် အသက်အရွယ်ကြီးရင့်လာပြီး ဆက်လက်တာဝန်ထမ်းဆောင်ဖို့ မသင့်သော်လည်း
၎င်းနေရာမှ နုတ်ထွက်ခြင်း မရှိသလို နောက်လူအား ဥက္ကဋ္ဌရာထူးအတွက် တာဝန်ပေးခန့်အပ်ရန် လုပ်ဆောင်ခဲ့ခြင်း ယနေ့အထိ မရှိ​သေးကြောင်း
သိရပါတယ်။

သမိုင်းကြောင်းကို ပြန်ကောက်ရရင် KIO အဖွဲ့ကို ၁၉၆၀ အောက်တိုဘာ ၂၅ တွင် စတင်ဖွဲ့စည်းခဲ့ပြီး ပထမဆုံး ဥက္ကဋ္ဌမှာ လထော်ဇော်ဆိုင်း
ဖြစ်ပါတယ်။

KIO ရဲ့ တတိယမြောက် ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ဇော်မိုင်သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေးရဖို့အတွက် ၁၉၉၄ ခုနှစ်မှာ မြန်မာစစ်အစိုးရနဲ့
အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးခဲ့တဲ့ ခေါင်းဆောင် တဦးလည်းဖြစ်ပြီး အနားယူပြီး နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရဖို့
အမြဲလိုလား ကြိုးစားနေသူ တဦးအဖြစ် သမိုင်းကောင်းနဲ့ ကျန်နေသူတစ်ဦး ဖြစ်ပါတယ်။

KIO အဖွဲ့အတွင်း ပထမဆုံး လုပ်ကြံသတ်ဖြတ်မှု ၁၉၇၅ ခုနှစ်တွင် KIO ခေါင်းဆောင်များဖြစ်သည့် ဇော်ဆိုင်း၊ ဇော်တူးနှင့် ဇော်ဒန်တို့ကို
ဆိုင်းတူးခေါင်းဆောင်သော အဖွဲ့မှ ထိုင်းနယ်စပ်ရှိ ထန်ပိုးစခန်းတွင် လုပ်ကြံသတ်ဖြတ်ခဲ့ပါတယ်။

KIO အဖွဲ့အတွင်း ၂၀၀၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ်
===================================
၂၀၀၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှာ အင်ဘန်လနှင့် လဆန်အောင်ဝါတို့ နှစ်ဦးပူးပေါင်းပြီး လိုင်ဇာဗဟိုဌာနချုပ်ကို ထိန်းချုပ်ထားကာ
မြန်မာစစ်အစိုးရနှင့် ငြိမ်းချမ်းရေး ရယူပေးခဲ့တဲ့ KIO ဥက္ကဋ္ဌဖြစ်သူ ဇော်မိုင်ကို နုတ်ထွက်ပေးရန် ခြိမ်းခြောက် အကြပ်ကိုင်ဖိအားပေးခဲ့ပါတယ်။

ထိုနောက်ပိုင်းတွင် ဗဟိုကော်မတီဝင်တချို့ရဲ့ ကြားဝင်ညှိနှိုင်းပေးမှုကြောင့် KIO ဥက္ကဋ္ဌအဖြစ် ဦးလမုန်တူးဂျိုင်ကို ခန့်အပ်ခဲ့ပါတယ်။

အလားတူ နောက်ထပ်အာဏာသိမ်းရန် ကြိုးပမ်းမှုတစ်ရပ်လည်း ထပ်မံပေါ်ပေါက်လာတာကို တွေ့ရှိရပါတယ်။

ထိုအရာကား အခြားမဟုတ် ၂၀၀၁ ခုနှစ်တွင် အင်ဘန်လနှင့်အတူ အာဏာသိမ်းရန် ကြိုးပမ်းခဲ့သည့် လဆန်အောင်ဝါသည် KIA အမျိုးသား
ထောက်လှမ်းရေးတာဝန်ခံအဖြစ် တာဝန်ယူထားသည့် ၂၀၀၃ ခုနှစ်တွင် KIO ဒုဥက္ကဌ ၂နှင့် အတွင်းရေးမှူးဖြစ်သူတို့အား ဖြုတ်ချရန် KIO
ဒုဥက္ကဋ္ဌ ၁ ဖြစ်သူအပါအဝင် ပြည်ပရောက် ကချင်အဖွဲ့အစည်းများနှင့် ပူးပေါင်းကြံစည်ခဲ့သော်လည်း အောင်မြင်ခြင်း မရှိခဲ့ပေ။

ထို့နောက် လဆန်အောင်ဝါသည် KIA အချို့နှင့် ထွက်ပြေးခဲ့ပြီး နောင်တွင် မြန်မာစစ်အစိုးရလက်အောက်သို့ ဝင်ရောက်ခိုလှုံကာ ယနေ့အချိန်ထိ
ဝိုင်းမော်မြို့နယ် ဂွေထုဒေသတွင် ပြည်သူ့စစ်အသွင်ဖြင့် ဒေသဖွံ့ဖြို့ရေးနှင့် လုံခြုံရေးတာဝန်များကို ထမ်းဆောင်လျက်ရှိပါတယ်။

ငြိမ်းချမ်းရေးပျက်သုန်းမှုနှင့်အတူ နောက်တကြိမ် အာဏာလုပွဲများ ဆက်ဖြစ်နိုင်သလား
============================================================
KIO ဥက္ကဋ္ဌ ဖြစ်သူ ဦးလမုန်တူးဂျိုင်ကွယ်လွန်ပြီး နောက် ၂၀၀၆ ခုနှစ်တွင် ဦးဇောင်းဟရားသည် KIO ဥက္ကဋ္ဌ အဖြစ် ရွေးချယ်ခန့်အပ်ခံရသည်။
ထိုကာလအတွင်း မြန်မာစစ်အစိုးရနှင့် KIO/KIA တို့အကြား ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးခဲ့ခြင်း၊ အသွင်ကူးပြောင်းရေးတို့
အတွက် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါတယ်။

ထိုအရာကား အောင်မြင်မှု မရရှိခဲ့ဘဲ နိဂုံးချုပ် မလှ၍ KIA ကို မူလသောင်းကျန်းသူစာရင်းသို့ အစိုးရမှ ပြန်လည်ရေးသွင်းကြေညာခဲ့သည့်အထိ
ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

၁၉၉၄ ခုနှစ်မှ စခဲ့တဲ့ ၁၇ နှစ်တာ ငြိမ်းချမ်းခြင်းသည် မကြာခင်မှာပဲ ပျက်သုန်းခဲ့ရပါတယ်။ ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်တွင် ကချင်ပြည်နယ်
မိုးမောက်မြို့နယ်၊ တာပိန်ရေအားလျှပ်စစ်အနီး နှစ်ဖက်အငြင်းပွားမှုများဖြစ်ပွားကာ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်ပွားခဲ့ပါတယ်။

ထိုအခြေအနေအတွင်း အစိုးရ၊ တပ်မတော်နှင့် KIO/KIA အကြား အကြိမ်ကြိမ် ဆွေးနွေးခဲ့ပြီး နှစ်ဖက်သဘောတူညီမှု အချို့ရရှိခဲ့သော်လည်း
ငြိမ်းချမ်းမှုကို လိုလားတဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားသည် အင်ဘန်လတို့အုပ်စုအပေါ် လွန်ဆန်နိုင်ခြင်း မရှိတဲ့အတွက် ငြိမ်းချမ်းရေးဟာလည်း
အလှမ်းဝေးနေဆဲပင် ဖြစ်သွားခဲ့ရပါတယ်။

ထို့နောက် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် KIO ဥက္ကဋ္ဌဖြစ်သူအား ကျန်းမာရေးအကြောင်းပြ၍ ရာထူးမှ ထုတ်ပယ်ကာ KIO ဥက္ကဋ္ဌသစ်အဖြစ်
အင်ဘန်လက လက်ရှိအချိန်ထိ တာဝန်ယူခဲ့တယ်။

လက်ရှိနစကအစိုးရလက်ထက်တွင် KIO/KIA သည် တရားမဝင်အစိုးရဟု ကြေညာခံရတဲ့ NUG နှင့် လက်တွဲ၍ တည်ဆဲအစိုးရကို တော်လှန်ခဲ့ပါတယ်။

ဒါ့အပြင် NUG၊ NLD နှင့် PDF ဆက်စပ်အဖွဲ့အစည်းများကို ၎င်းတို့ထိန်းချုပ်နယ်မြေတွင် ခိုလှုံခွင့်ပေးကာ အင်အားကြီးထွားအောင်
တည်ဆောက်နိုင်ခဲ့တဲ့အတွက် နစကမှ ဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း တက်ရောက်ရန် ငြင်းဆန်ခဲ့ပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးမကောင်းတော့တဲ့ KIO ဥက္ကဋ္ဌ ဖြစ်သူ ဗိုလ်ချုပ်ကြီးအဆင့်ရှိ အင်ဘန်လကို
ဖြုတ်ချပြီး တရုတ်နှင့် မဟာမိတ်ဆက်ဆံရေး ပြေလည်မှုရှိပြီး စစ်ရေးတွင် သဘောထားတင်းမာသူ ဒုတိယ ဗိုလ်ချုပ်ကြီးအဆင့်ရှိ ဂမ်ရှောင်နဲ့
အနောက်အုပ်စု၊ NLDအသိုင်းအဝိုင်း နှင့် ဆက်ဆံရေးပြေပြစ်ပြီး လူထုထောက်ခံမှုရှိသူ ဗိုလ်ချုပ် အဆင့်ရှိ ဂွမ်မော်တို့မှ နေရာလုရန် ကြိုတင်
ကြံစည်နေသည့် သတင်းစအချို့ လိုင်ဇာတွင် ကျယ်ပြန့်စွာ ထွက်ပေါ်လာခဲ့ပါတယ်။

KIO/KIA အဖွဲ့ရဲ့ အတိတ်သမိုင်းကြောင်းတွေ အရတော့ နေရာလု အာဏာသိမ်းမှုတွေ ရှိနေခဲ့တဲ့အတွက် ယခုတကြိမ်လည်း ဖြစ်သွားနိုင်တယ်လို့
ယူဆနိုင်ပါတယ်။

ဟုတ်၊ မဟုတ်ကတော့ ဆက်လက် စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်… ။

#KDN Channel