မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အရွယ်ရလာလေလေ
အချိန်တွေ သိပ်မရှိတော့ပါဘူး ။

စိတ်ချမ်းသာအောင်နေထိုင်ပြီး
ကိုယ်ကျန်းမာအောင်ဂရုစိုက်ပါ ။

စိတ်စရိုက်တူတဲ့သူနဲ့ပေါင်းပြီးတော့
ကုသိုလ်တွေနဲ့ဖြတ်သန်းပါ ။

အမုန်းတွေကို မြုတ်လိုက်ပြီး
အပြုံးတွေသာ လွှင့်ပေးလိုက်ပါ ။

လိုချင်မှုတွေကို လျော့ပြီး
တကယ်လိုအပ်တာတွေကိုရှာယူပါ ။

အများအတွက် အချိန်လေးလျော့ပြီး
တရားဘက်ကို အချိန်ပေးလိုက်ပါ ။

အသက်တွေကြီးလာတာမို့
များများရှိဖို့လည်းမလိုအပ်တော့ပါဘူး ။

များများသိပြီး မှန်မှန်ကျင့်နိုင်အောင်ပဲ
ကြိုးစားဆောင်ယူကြရတော့မှာပါ ။

ရင့်ကျက်မှုတွေဟာ ရှင်သန်လို့
တုန်လှုပ်မှုတွေ သေဆုံးရတော့မှာပါ ။

ဘယ်အချိန်ဆိုတာ မသိပေမယ့်
သေဖိုနီးလာတာတော့ သေချာပါတယ် ။

ကိုယ့်အကြောင်းကို သိစေရင်း
ကိုယ့်အချိန်ဟာ ကိုယ့်ရဲ့အတွက်သာ
ဖြစ်နေဖို့ ကြိုးစားသင့်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏