ဂန္တဝင်ကစားသမားကြီး စီရော်နယ်ဒိုဟာ စပါးပွဲစဉ်မှာပွဲမပြီးခင် ကစားကွင်းကပါ ထွက်ခွာသွား

တစ်ချို့အရာတွေမဖြစ်နိုင်တဲ့အခါ ရေငုံနှုတ်ပိတ်ပြီးထွက်ခွာသွားတာလည်းအကောင်းဆုံးပါပဲ Cristiano အနေနဲ့ ညကပွဲမှာ သုံကြိမ်ထပ်မနည်းလူစားလဲဖို့တောင်းဆိုခဲ့သလို
ကွင်းဘေးနားမှာလည်း ဖင်တကြွကြွနဲ့ သွေးပူလေ့ကျင့်ခန်းလုပ်နေခဲ့ဝာာတွေ့ရပါတယ်။သူအနေနဲ့ ၁၀မိနစ်လောက်ပဲရရ၀င်ကစားချင်နေတဲ့ပုံစံပြခဲ့ပြီး ၇၅မိနစ်လောက်ကစပြီးကစားရမလားဆိုတဲ့
မျှော်လင့်ချက်နဲ့ ကစားသမားတွေနေတဲ့အရံခုံကိုတောင်မပြန်ပဲ နံရံမှာမှီပြီးစောင့်နေခဲ့တာပါ။တစ်ကယ်တမ်းလူစားလဲတဲ့အချိန်မှာ Eriksen နဲ့ Enlanga ဖြစ်နေခဲ့တာကိုသိရပြီးနောက်မှာတော့
သူအနေနဲ့ ကွင်းထဲကပါပွဲမပြီးခင်အပြီးထွက်ခွာသွားခဲ့ပါတယ်။ဒီနေရာမှာကျွန်တော်မြင်မိတဲ့အချက်ကတော့ Erikအနေနဲ့ 85 မိနစ်လောက်မှ Cristiano လိုကစားသမားမျိုးကို substitution ထည့်တာဟာ
ကစားသမားအပေါ်မလေးစားရာလည်းရောက်မှာဆိုးတာကတစ်ကြောင်း Team Form အရလည်း မဖြစ်မနေ substitution လုပ်ဖို့ လိုအပ်နေတာမဟုတ်တဲ့အတွက်ကြောင့်လည်း ဒီလိုလျစ်လျှူရှခဲ့တာပါ။
ဒါပေမယ့် Cristiano ဟာဒီအခြေအနေကို လက်မခံနိုင်တော့ပဲ ရုပ်ပျက်ဆင်းပျက်ကွင်းထဲကပါအပြီးထွက်ခွာသွားခဲ့တာပါ။သူ့ဘက်ကကြည့်တော့လည်း လစာတစ်ပတ် ၅သိန်းရနေပေမယ့်
ဘယ်လောက်ပဲရရ ပွဲကစားခွင့်တော့ အနည်းအကျဉ်းရလိုတဲ့စိတ်ရှိနေပြီ နံရံကိုမှီပြီးရပ်နေတဲ့အချိန်သူ့ face impression အရလည်းသူဟာ United အတွက်အသုံးမ၀င်တော့ဘူး သူ့အနေနဲ့
ကစားခွင့်မရတော့ဘူး‌ဆိုတဲ့ စိတ်ခံစားချက်မျိုးနဲ့ထွက်ခွာသွားတာပါ။ attitude အရသရုပ်ပျက်ပေမယ့် စိတ်မကောင်းမိတာတော့အမှန်ပါပဲ။
တစ်ဖက်မှာတော့ ဒါတွေ အားလုံးရဲ့အပစ်တွေဟာ Glazers တို့ရဲ့ ညံဖျင်းတဲ့စီမံမှုတွေပါပဲ ကစားသမားဘက်က စာချုပ်ဖျက်သိမ်းဖို့တောင်းဆိုထဲက Erik Tan Hag နဲ့ အတူ
သေချာညှိုနှိုင်မှုလုပ်ပြီးဖျက်သိမ်းပေးလိုက်တာမျိုးဖြစ်သင့်ခဲ့တာပါ။အခုတော့ အသင်းနိုင်ပွဲရတာတောင် ကစားသမားရဲ့ပုံရိပ်ကြောင့် သူလုပ်လိုက်တဲ့
ပုံရိပ်ဆိုးတစ်ခုဟာ အနိုင်ရလဒ်ရခဲ့တဲ့United ကိုပါထိခိုက်စေခဲ့တာအမှန်ပါပဲ။Old Trafford မှာသာ Ronaldo ဒါမျိုးလုပ်ရပ်တွေအတွက်ခွင့်လွှတ်မှုတွေရှိပေမယ့်
အခြားအသင်းမှာဆို သူ့အတွက် ဒီလိုအခြေအနေမျိုးဟာ ကစားသမားဘ၀ရဲ့တစ်စိတ်တစ်ပိုင်းကိုပါထိခိုက်သွားစေနိုင်တဲ့ဖြစ်ရပ်မျိုးပါပဲ။