ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာသို့ ပို့ကုန်များ တိုးတက်တင်ပို့လျက်ရှိ

ယခုလမှစ၍ မုတ်သုံရာသီ ကုန်ဆုံးပြီး ပွင့်လင်းရာသီသို့ စတင်ဝင်ရောက်ပြီဖြစ်သ ဖြင့် ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့်

ပင်လယ်ရေကြောင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုနှင့် ကုန် စည်စီးဆင်းမှုများ ပုံမှန်အနေအထားသို့ ရောက်ရှိနေပြီး ပို့ကုန်များ တိုးတက် တင်ပို့လျက် ရှိပါသည်။

  • ရန်ကုန်ဆိပ်ကမ်း၌ အောက်တိုဘာလ ၁၇ ရက်တွင် ဆိုက်ကပ်ထားသည့် သင်္ဘော များမှာ ကုန်သေတ္တာတင်သင်္ဘော ၂ စီး၊ အထွေထွေကုန်စည်တင်သင်္ဘော ၁၅ စီး၊ စက်သုံးဆီသင်္ဘော ၅ စီးနှင့် စားသုံးဆီသင်္ဘော ၁ စီးတို့ ပါဝင်ပြီး စုစုပေါင်းသင်္ဘော ၂၃ စီး ဆိုက်ကပ်၍ ကုန်တင်ကုန်ချလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ။
  • အောက်တိုဘာလအတွင်း သွင်းကုန်၊ ပို့ကုန်ပစ္စည်းများ တင်ဆောင်သည့် ကုန်သေတ္တာ တင်သင်္ဘောစီးရေ ၅၅ ရာခိုင်နှုန်းကျော် ဝင်ရောက်ခဲ့ပြီး တစ်ရက်လျှင် အထွေထွေ ကုန်တင်သင်္ဘော ၁၅ စီး ဖြင့် ကုန်ပစ္စည်းများ တင်ပို့လျက်ရှိ။
  • ပြည်သူများ သုံးစွဲရန် ဓာတ်မြေသြဇာများ၊ ဘိလပ်မြေများ၊ စက်ယန္တရားကြီးများ၊ စက်သုံးဆီနှင့် စားသုံးဆီများ တင်ဆောင်လာသော သင်္ဘောများမှာလည်း သီလဝါ နှင့် ရန်ကုန်ဆိပ်ကမ်းများတွင် ဆိုက်ကပ်၍ ကုန်ချလုပ်ငန်းများဆောင်ရွက်လျက်ရှိ။

ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့် ပွင့်လင်းရာသီရောက်သည်နှင့် ရေကြောင်း သယ်ယူပို့ဆောင်မှု ကောင်းမွန်လာကာ သင်္ဘောကြီးများ ပိုမိုဝင်ရောက်လာပြီး မြန်မာ့ ထွက်ကုန်များကို နိုင်ငံတကာသို့ တိုးတက်ပို့ဆောင်လျက်ရှိကြောင်း သိရှိရပါသည်။