မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

၀မ်းမြောက်တတ်တဲ့အကျင့်ကို
အမြဲလေ့ကျင့်ပေးထားပါ ။

ဒုက္ခရောက်နေတဲ့သူကို
သနားစိတ်ဖြစ်တာလွယ်သလောက်

အောင်မြင်ကြီးပွားတဲ့သူရဲ့အပေါ်ကို
မုဒိတာပွားဖို ခက်ပါတယ် ။

ကံမတူလို့ ဘ၀မတူတာဟာ
ဘာမှ ပြိုင်မနာလိုစရာမရှိပါဘူး ။

သူရလို ကိုယ်မပျော်တဲ့စိတ်ဟာ
အင်မတန် အောက်တန်းကျပါတယ် ။

သူများကို မတရားကြံစည်မှုဟာ
ကိုယ့်ဘ၀ကို ပြန်လောင်တတ်ပါတယ် ။

ကိုယ်မရလိုက်လို ကိုယ့်မှာမရှိလို
ဘာမှ ဖြစ်မသွားနိုင်ပါဘူး ။

မနေတတ်မထိုင်တတ်ဖြစ်နေတာက
ကိုယ့်စိတ်ဟာ တရားမဲ့နေခြင်းပါပဲ ။

ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို
ကယ်တင် မြင့်တင်ပေးနိုင်သလို

ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို
တန်ဖိုးတွေနိမ့်ကျသွားစေနိုင်ပါတယ် ။

ဒါကြောင့် ကြွားခံရလိုပဲဖြစ်စေ
သူ့အရည်ချင်းကြောင့်
အောင်မြင်တိုးတက်တာပဲဖြစ်ပါစေ ။

ကိုယ်ကမုဒိတာတံဆိပ်ခပ်နိုင်အောင်
ကြိုးစားပြီး နေထိုင်မယ်ဆိုရင်

ကိုယ့်ဘ၀လည်းတူသောအကျိုးကို
မကြာခင်မှာ ရလာနိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏