ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာအဝင်တွင် တိုက်ပွဲဖြစ်ပွား

အောက်တိုဘာ ၁၅ ရက်
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ အညာဖျားကျေးရွာတစ်ဝိုက်တွင်
အကြမ်းဖက်သမားများ ခိုအောင်းလျက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ
အညာဖျားကျေးရွာအဝင်သို့အရောက် အကြမ်းဖက်သမားအင်အား ၂၅ ဦးခန့်က လူနေအိမ်များအတွင်းမှ လက်နက်ငယ်များဖြင့် စောင့်ကြိုပစ်ခတ်ခဲ့ရာ
အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများက အရှေ့တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါတယ်…
-ကိုးလုံးကျည် ၄၀ တောင့်
-ဝါယာကြိုး ၁ ခွေ
-ဓာတ်ခဲအကြီး ၈ လုံး
-DDT ဘက်တံဆိပ်ပါ ပြောက်ကျားယူနီဖောင်းအင်္ကျီ ၁ ထည်သိမ်းဆည်းရရှိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၁ ဦး (မစိုးရိမ်) ဒဏ်ရာရရှိခဲ့ဟု သိရှိရပါတယ်…