ကမာဝက်မြို့တွင် (၁၂၂) ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပ

၁၅-၁၀-၂၀၂၂

မွန်ပြည်နယ် မုဒုံမြို့နယ် ကမာဝက်မြို့ရှိ ဆံတော်ရှင် ကျိုက်တမော့စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် မြို့လုံးကျွတ် (၁၂၂) ကြိမ်မြောက်
ဆွမ်းကြီးလောင်းလှူပွဲနှင့် (၃၈)ကြိမ်မြောက် ပဒေသာပင်လောင်းလှူပွဲကို ယနေ့နံနက်ပိုင်းက မြို့တွင်းလမ်းတလျှောက်၌ ကျင်းပခဲ့ပါတယ်။

ဆွမ်းကြီးလောင်းလှူပွဲတွင် ဘုန်းတော်ကြီးကျောင်း (၁၆၁)ကျောင်းမှ ပင့်သံဃာတော်၊ သီလရှင် စုစုပေါင်း အပါး (၆၀၀)ကျော်တို့အား
ကမာဝက်မြို့သူ မြို့သားများက ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများကို လောင်းလှူခဲ့ကြပါတယ်။ ထိုပြင် (၃၈)ကြိမ်မြောက် ကမာဝက်
မြို့လုံးကျွတ် ပဒေသာပင်လောင်းလှူပွဲတွင် ပင့်သံဃာတော် အရှင်သူမြတ်များအား ကျောင်းအလိုက် စုစုပေါင်းပဒေသာပင် ငွေကျပ်(၂၇၀)
သိန်းကျော်ကို မြို့သူ /မြို့သားများက လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။