အဆဲခြင်းပြိုင်ဘယ်သူနိုင်

အမေရိကန်ရောက် ပြည်ပြေးတွေဖြစ်တဲ့ ၇၄ ကျောင်းသားဟောင်း ဝါရင့်နိုင်ငံရေးသမားဖြစ်ခဲ့တဲ့ ဒေါ်ရိုစီအောင်နဲ့ ၂၀၂၁ NLD လော်ဘီ ပန်ဆယ်လို တို့ရဲ့ အပြန်အလှန် Online တိုက်ပွဲကတော့ လူအများစိတ်ဝင်စားမှုမြင့်တက်လာပါတယ်…
အဆဲတလိုင်း ပန်ဆယ်လိုက သူ့ရဲ့ ပုံစံအတိုင်း မထိတထိနဲ့ စကားလုံးကြမ်းကြမ်းတွေ သုံးစွဲတုန့်ပြန်မှုကြောင့် ဆီစွပ်ခံလိုက်ရတဲ့ ဒေါ်ရိုစီအောင် ပေါက်ကွဲနေပြီး NUG ကို ပက်ပက်စက်စက် ဝေဖန်မှုနဲ့အတူ မိမဆုံးမ ဖမဆုံးမ ပန်ဆယ်လိုကို တရားစွဲဖို့အထိ ခြိမ်းခြောက်နေပါတယ်။
ဒီလိုအဖြစ်မျိုးကို ကြားထဲက အမြတ်ထုတ်နေတာကတော့ ဘောမလော်ဘီအုပ်စုဖြစ်ပြီး သူတို့နှစ်ယောက် အပြန်အလှန်တုန့်ပြန်ပြောကြားမှုတွေထဲက တော်လှန်ရေးအကြောင်းပြလုပ်စားလုပ်ကွက်တွေကို ဖော်ထုတ်ရေးသားလျက်ရှိပါတယ်..
နှစ်ယောက်စလုံး သူ့ပရိတ်သတ်နဲ့သူရှိနေကြလို့ မိန်းမသားများပီပီ အပြန်အလှန်စောင်းမြောင်း ဆဲဆို၊ ပုတ်ခတ်ပြောကြားတာတွေဟာ ထိထိမိမိရှိပြီး ကြားရသူတွေတိုင်း အကြိုက်တွေ့လျက်ရှိ ပါတယ်။