မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

အတွေးကောင်းတွေသာရှိရင်
တစ်ယောက်ထဲလည်း
ပျော်အောင်နေတတ်ပါတယ် ။

ကုသိုလ်ကောင်းမှုတွေသာရှိရင်
တစ်ယောက်ထဲလည်း
အဆင်ပြေပြေနေနိုင်ကြပါတယ် ။

စိတ်က ပူလောင်စရာတွေ
စိတ်က အားငယ်စရာတွေကိုသာ
တွေးနေမယ်ဆိုရင်

ဘယ်မှာနေရနေရမပျော်ကြသလို
အဆင်ပြေမှုလည်း မရနိုင်ပါဘူး ။

အလိုမပြည့်နိုင်တဲ့ ဆန္ဒတွေနဲ့
ဘ၀ကိုဖြတ်သန်းနေမယ်ဆိုရင်လည်း
ဘ၀က မအေးချမ်းနိုင်ပါဘူး ။

စိတ်ကို အားသန်ရာ
မကောင်းတဲ့အာရုံနောက်ကိုပဲ
လိုက်ပြီးတော့ မပျော်ခိုင်းမိပါစေနဲ့ ။

ကိုယ့်ရဲ့စိတ်ကို
သတိလေးနဲ့ တွဲထားမယ်ဆိုရင်
အပူနည်းပြီးချမ်းသာရနိုင်ပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏