ယနေ့ည ယူရိုပါလိဂ် ပြိုင်ပွဲ အုပ်စုပွဲစဥ်(၄)တွင် မန်ယူရဲ့ ပွဲထုတ်မည့် အကြမ်းဖျဉ်းကစားသမားစာရင်း

မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ယခုတစ်ပတ်မှာ ယူရိုပါလိဂ် ပြိုင်ပွဲ အုပ်စုပွဲစဥ်(၄)အဖြစ် Omonoia အသင်းနဲ့ ရင်ဆိုင်ရမှာပါ။အိုမိုနိုယားအသင်းနဲ့ ပွဲစဥ်ဟာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ့်အခွင့်အရေးအတွက် အထောက်အကူ ဖြစ်လာမယ့် ပွဲကောင်းတစ်ပွဲလည်း ဖြစ်ပါတယ်။

နည်းပြကြီး အဲရစ်တန်ဟန့်က​တော့ ယ​​နေ့ညမှာ ရင်ဆိုင်ရမယ့် ယူရိုပါလိဂ်ပွဲစဥ်မှာ လူငယ်ကြယ်ပွင့်တချို့ကို အသုံးပြုလာဖို့ ရှိ​နေတယ်လို့ သိရပါတယ်။ လက်ရှိမှာဂါနာချို၊ ပါလ်စ္စထရီ၊ ဇီဒန်း တို့လို ကစားသမား​တွေ အသင်းကြီးနဲ့ ပူး​ပေါင်း​နေပြီ ဖြစ်ပါတယ်။

ဒီပွဲမှာတော့ နည်းပြကြီး အဲရစ်တန်ဟန့်အနေနဲ့ ဒဏ်ရာကင်းစင်နေတဲ့ကစားသမားတွေကို အဓိကထားပြီး ပွဲထုတ်လာမှာပါ။နည်ပြကြီးကတော့ (၄-၃-၃) အခင်းအကျင်းကို အသုံးပြုလာဖို့ ရှိနေပြီး၊ဂိုးသမားနေရာမှာတော့ ဒေးဗစ်ဒီဂီယာကို ပွဲထုတ်လာမှာပါ။

ခံစစ်ပိုင်းမှာတော့ မာတီနက်ဇ် နဲ့ လင်ဒီလော့ဖ်တို့ရဲ့ ဗဟိုခံစစ်အတွဲကို ပွဲထုတ်လာမှာဖြစ်ပြီး၊ညာခြမ်းမှာ ဒါလော့ဖ်နဲ့ ဘယ်ခြမ်းမှာ မာလာစီယာကိုပဲ အသုံးပြုလာမှာပါ။ကွင်းလယ်မှာတော့ ဘရူနိုဖာနန်ဒက်နဲ့အတူ ဖရက်ဒ်နဲ့ တွန်မိနေးလ်တို့ (၃)ဦးကို ပွဲထုတ်လာဖို့ ရှိနေပါတယ်။တိုက်စစ်မှာတော့ ဂိုးပေါက်ပြန်တွေ့ထားပြီး ယုံကြည်မှုတွေ ပြန်လည်ရရှိစ ပြုနေတဲ့ တိုက်စစ်မှုးကြီး ရော်နယ်လ်ဒိုကို အ‌ထာင် တိုက်စစ်မှာ မြင်တွေ့ရမှာပါ။

တိုက်စစ်ရဲ့ တောင်ပံနှစ်ဖက်မှာတော့ ဘယ်တောင်ပံမှာ မားကပ် ရက်ရှ်ဖို့ဒ်နဲ့ညာတောင်ပံမှာတော့ ‌ဂျေဒန် ဆန်ချိုကို အသုံးပြုလာမှာပါ။ဒီပွဲမှာတော့ ဒဏ်ရာအနည်းငယ် ရရှိထားတဲ့ ကစားသမားတွေ အပြင်တိုက်စစ်မှုး အန်တိုနီကိုလည်း ခေတ္တ အနားပေးသွားဖို့ ရှိနေပါတယ်။ပွဲချိန်ကတော့ ယခုတစ်ပတ် ကြာသပတေးည မြန်မာစံတော်ချိန် (၁)နာရီခွဲ ဖြစ်ပြီး၊ ယူနိုက်တက် အိမ်ကွင်း ပွဲစဥ်ဖြစ်ပါတယ်။