ဗန်းမောက်မြို့နယ်၊ ပေါက်နက်ကုန်းရွာအနီး တိုက်ပွဲထပ်မံဖြစ်ပွား

အောက်တိုဘာ ၁၁ ရက်
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ အထက်တောင်လွှဲ(ရွာဟောင်း)၊ ကံ့ကော်နှင့် နားမော်ကုန်းတစ်ဝိုက်
အကြမ်းဖက်သမားအင်အား ၃၀၀ ဦးခန့် ဖြန့်ခွဲခိုအောင်းနေကြောင်း ပြည်သူများရဲ့ လျှို့ဝှက်သတင်းပေးမှုအရ
လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ ပေါက်နက်ကုန်းရွာအနီးအရောက် KIA နှင့် PDF ပူးပေါင်းအဖွဲ့ ၃၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး
KIA ၊ PDF ပူးပေါင်းအဖွဲ့များ ဆုတ်ခွာထွက်ပြေးခဲ့တယ်လို့ သိရပါတယ်…
ထွက်ပြေးသွားတဲ့ အကြမ်းဖက်သမားများနောက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ရာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပြီး-
– KIA နှင့် PDF ပူးပေါင်းအဖွဲ့မှ ၁၁ လောင်း
-ကေအေသေနတ် ၅ လက်
-၄၀ မမ လက်လုပ်သေနတ် ၁ လက်
-လက်လုပ်တစ်တောင့်ထိုးသေနတ် ၁ လက်
-လက်လုပ်သေနတ် ၁ လက်
-ကျည်အိမ် ၅ ခု
-ကျည် ၁၅၀ တောင့်
-လက်ပစ်ဗုံး ၁ လုံး သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်က စစ်သည် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ဟု သိရှိရပါတယ်…