မြန်မာ့သမိုင်း ရိုင်းခဲ့လေသလား?

များအကြာမီက nug က စစ်ကြောင်း (၆)
ကြောင်းနဲ့ ထိုးစစ်ကိုအရှိန်မြှင့်ပြီး ၂၀၂၃ မှာ
တပ်မတော်ကို အပြီးတိုက်မယ်လို့ ကြေညာတယ် ..

ဘယ်ပြည်သူကမှ သူတို့စကားကို
အရေးမလုပ်လို့ ကမ္ဘာကျော်ဟာသတစ်ခု
အနေနဲ့သာ ဖြစ်ခဲ့တယ် ..

သီတင်းကျွတ်မှာ ဘုရားတွေနဲ့ အပန်းဖြေစရာ
အထင်ကရနေရာတွေမှာ ပြည်သူတွေ
ကြိတ်ကြိတ်တိုး၊ ကြက်ပျံ မကျ စည်းကားခဲ့တယ် ..

Nug pdf က အရှိတရားကို လက်မခံနိုင်ဘူး ..
သူတို့ကို အရှက်ခွဲတယ်ဆိုပြီး ပြည်သူကို အငြိုး
ထားလာတယ် .. ပြည်သူရဲ့ထောက်ခံမှုကျဆင်း
လာတယ်ဆိုတဲ့ အမှန်တရားက သူတို့အတွက်
နားခါးလှတယ် ..

Nug က စစ်ရှိန်မြှင့်တဲ့အနေနဲ့ ဘာသာခြားတွေဖြစ်တဲ့
knu နဲ့ ပဒက်တွေပေါင်းပြီး ကျိုက်ထီးရိုးဘုရားက
ကင်မွန်းချောင် တောင်တက်ကားဂိတ်ကို ၄၀ မမ၊
လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်စေပြီး ဗုဒ္ဓဘာသာဝင်တို့၏
နှလုံးသားကို ဆားသိပ်၍ အမုန်းတရားကို ထုတ်ဖော်ပြ
လိုက်တာပါပဲ ..

ခင်ဗျားတို့သိအောင်ပြောပြရရင်
သေဆုံး/ဒဏ်ရာရတဲ့ ဘုရားဖူးထဲမှာ nld ပါတီဝင်
ရဲရဲတောက်တွေလည်းပါတယ် ဆိုတာ သိဖို့ပါ ..
ဘယ်ပါတီဝင်ပဲဖြစ်ဖြစ် ဗုဒ္ဓဘာသာဝင်ဟာ
ဗုဒ္ဓဘာသာဝင်ပါပဲ ..

ဒါကြောင့်
ဒီနေ့ ၁၂-၁၀-၂၀၂၂ ရက် ဗုဒ္ဓဟူးနေ့အား
Nug knu pdf တို့ပေါင်းပြီး ဗုဒ္ဓဘာသာကို
အကြမ်းဖက်လိုက်သောနေ့ (သို့) မြန်မာနိုင်ငံတော်ကြီး
အကြမ်းဖက်ခံရသောနေ့အဖြစ် မှတ်တမ်းတင်လိုက်
ပါတယ် ။။။ 😔

#KT