တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဘုရား၊ စေတီ၊ ပုထိုးများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိ

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိဘုရား၊ စေတီ၊ ပုထိုးများ၌
အများပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်ကြည်ညိုလျက်ရှိပါတယ်
ထိုသို့ ဖူးမြော်ကြည်ညိုလျက်ရှိရာ နေပြည်တော်ကောင်စီနယ်မြေရှိ
ဥပ္ပါတ သန္တိစေတီတော်မြတ်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေတိဂုံစေတီတော်မြတ်ကြီး၊
မန္တလေးမြို့ရှိ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး အပါအဝင်
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုရား၊ စေတီပုထိုးများ၌
သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များ၊ မိဘပြည်သူများက
ဝါကျွတ်ကာလအခါသမယအဖြစ် ဆီမီးများပူဇော်ခြင်းနှင့် ဖူးမြော်ကြည်ညိုခြင်းများကို
ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဖူးမြော် ကြည်ညိုကုသိုလ်ယူခဲ့ကြသည်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး
အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ လမ်းများပေါ်တွင်လည်း

ဘုရားဖူးပြည်သူများ၊ အပန်းဖြေခရီးသွားရောက်သူများဖြင့် စည်ကားလျက်ရှိပြီး
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ပန်းခြံများ၊ အပန်းဖြေ ဥယျာဉ်များနှင့် ကမ်းခြေများ၌လည်း
သီတင်းကျွတ်ရုံးပိတ်ရက်လာရောက် အပန်းဖြေ အနားယူကြသူများဖြင့် အထူးစည်ကားများပြားလျက်ရှိသည်။
အလားတူ ညပိုင်းတွင်လည်း ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ဝန်း အတွင်း၌
လမ်းများနှင့် ပန်းအလှသစ်ပင်များတွင် ရောင်စုံမီးအလှများတပ်ဆင်ခြင်း၊ မီးရောင်စုံများ တပ်ဆင်ထားသည့် ပုံစံငယ်များဖြင့်
မီးအလှများဆင်ယင်ထားသကဲ့သို့ နေပြည်တော်၊ ရေပန်းဥယျာဉ်တွင်လည်း ရောင်စုံမီးများ တပ်ဆင်ထားပြီး
လာရောက် အပန်းဖြေသူများဖြင့် စည်ကားများပြားလျက်ရှိကာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ
ဥယျာဉ်ပန်းခြံများနှင့် အများပြည်သူအပန်း ဖြေနေရာများတွင်လည်း ရောင်စုံမီးများဖြင့်
မီးအလှများတပ်ဆင်ထားရှိပြီး ပြည်သူများလာရောက် အနားယူ အပန်းဖြေလျက်ရှိဟု သိရှိရပါတယ်…