၂၀၂၂ ခုနှစ်အတွက် ဆေးပညာနိုဘယ်ဆုကို ဆွီဒင်သိပ္ပံပညာရှင်ရရှိ

ဆွီဒင်သိပ္ပံပညရှင်ဖြစ်သော  ဆဗန်တေးပါဘို ကမျိုးသုဉ်းပရိုင်းမိတ်များ၏ မျိုးရိုးဗီဇများနှင့် လူသားများဆင့်ကဲပြောင်းလဲလာမှု နှင့်ပက်သက်၍ လေ့လာစူးစမ်းရှာဖွေမှုများ လုပ်ဆောင်နိုင်ခြင်းကြောင့် ယခုနှစ်အတွက် ဆေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုကို ရရှိသွားကြောင်းသိရှိရပါတယ်။ ပြီးခဲ့သ်ည့်နှစ်နှစ်အတွင်း ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုကြောင့် အဆိုပါရောဂါတိုက်ဖျက်နိုင်ရေးအတွက် ကာကွယ်ဆေးများဖန်တီးခဲ့သူများက ဆေးပညာရပ်ဆိုင်ရာ နိုဘယ်ဆု ရရှိမည်ဟု ခန့်မှန်းထားသော်လည်း ထိုကဲ့သို့ ဆုချီးမြှင့်ခံရရေးအတွက် နှစ်ပေါင်းများစွာကြာ သုတေသနပြုမှုနှင့် အားစိုက်ထုတ်မှုအပြင် သတ်မှတ်ထားသော စံနှုန်းများကြောင့် ဆဗန်တေးပါဘို ကရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဆေးပညာရပ်ဆိုင်ရာ နိုဘယ်ဆုရရှိသူများထဲတွင် ပင်နီဆီလင်ကို ရှာဖွေဖော်ထုတ်နိုင်ခဲ့သူ အလက်ဇန်းဒါးဖလီးမင်းနှင့် တီဘီရောဂါ ကိုရှာဖွေတွေ့ရှိသူ ရောဘတ်ကို့ တို့လည်းပါဝင်ကြောင်း သိရှိရပါတယ်။

credit; mwd news