ရခိုင်လူငယ်များ ပြည်ပထွက်ခွာမှုများလာ


AA ဘက်မှ အတင်းအဓမ္မလူသစ်စုဆောင်းမှုများ၊
အစားထိုးလူတောင်းခံခြင်းများ များလာသောကြောင့်
ရခိုင်မြောက်ပိုင်းရှိ လူငယ်များ ယခုလပိုင်းအတွင်း
ပြည်ပတွင် အလုပ်လုပ်ရန် ထွက်ခွာမှုများလာကြောင်း
စစ်တွေလေဆိပ်အနီးရှိ ပက်စ်ပိုစ့်ရုံးအနီး
နေထိုင်သူများထံမှ သိရှိရသည်။
.
ပက်စ်ပိုစ့်ရုံးအနီး နေထိုင်သူတစ်ဦးမှ
“မနက်ဆိုဒီမှာ ဘုရားပွဲ ကျနေတာပဲ၊ လူကိုစည်လို့၊
မနက် ၅ နာရီလောက်ကတည်းက တန်းစီ နေကြတာ၊
အဲ့ဒီနားမှာရောင်းတဲ့ဈေးသည် တွေဆိုတော်တော်အလုပ်
ဖြစ်နေတယ်၊ ပက်စ်ပို့စ်လာလုပ်သူအများစုက
မြောက်ပိုင်းသားများတယ်”
ဟု ပြောသည်။
.
ကျောက်တော်မှနေ၍ ပက်စ်ပိုစ့်လာရောက်လုပ်နေသူ
တစ်ဦးမှ “ မလေးသွားဖို့လာလုပ်တာ၊ မိသားစုနဲ့ခွဲပြီးတော့
သွားရမှာဆိုတော့ မသွားချင်ဘူး၊ အခုနောက်ဆုံးပွဲမို့
AA ဘက်က လူငယ်တွေ တစ်အိမ် တစ်ယောက်
မဝင်မနေရဆိုပြီး ပြောနေတာရှိတယ်၊ ဝင်ထားလို့
ထွက်ပြေးရင်လည်း အိမ်က ယောက်ျားဖြစ်ဖြစ်
မိန်းမဖြစ်ဖြစ် အသက် ၁၄ နှစ်ကျော်တာနဲ့ခေါ်ခြင်းခံ
နေရတယ်၊ ကျနော်တို့လည်း ပညာတတ်တွေလေ
သေဖို့ကလွဲလို့ဘာမှမရှိတဲ့အလုပ်ကို မလုပ်နိုင်ဘူး၊
စစ်ပညာ ဘယ်လောက်တော်တော် စစ်တပ်က
လေယာဉ်နဲ့ဗုံးကျဲတာနဲ့အပြုတ်ဘဲလေ၊ အဲ့ဒါကြောင့်
နိုင်ငံခြားအလုပ်သွားလုပ်ဖို့ရွေးချယ်လိုက်တာ ”
ဟု
ပြောသည်။


AA အဖွဲ့အနေဖြင့် လက်ရှိအချိန်တွင်
တိုက်ပွဲများကြား ကျဆုံးမှုများ လာ၍ လူမျိုးရေး
အကြောင်းပြကာ လူသစ်စုဆောင်းမှုယခင်ကထက်
ပြုလုပ်လာတာကြောင့် လူငယ်များ ရခိုင်ပြည်နယ်
အတွင်းမှနေ၍ ပြည်တွင်းသို့ တိမ်းရှောင်နေကြောင်း၊

ယခင်ကတက် ပြည်ပထွက်ခွာမှု ပိုမိုများလာကာ
တစ်နေ့လျင် လူထောင်ကျော် ပက်စ်ပို့စ်လာလုပ်ကြောင်း၊
တရားမဝင် သွားလာသူများမှာ တရားဝင်ထက်ပိုများ
ကြောင်း၊ တစ်ချို့မှာ နယ်စပ်တွင် ရောင်းစားခံရမှုများ
ပင်ရှိကြောင်း
ဒေသတွင်းတွင်း သတင်းများအရ
သိရှိရသည်။