PDF အကြမ်းဖက်များထံ ထောက်ပံ့မည့် လက်နက်/ခဲယမ်းများ ထပ်မံဖမ်းဆီးရမိ

ထိုင်းနယ်စပ် လက်နက်မှောင်ခိုများထံမှ ဝယ်ယူခဲ့ပြီး မန္တလေးမှတစ်ဆင့် စစ်ကိုင်းတိုင်းအတွင်းမှ PDF တွေအတွက် NUG အဖွဲ့က ထောက်ပံ့ပေး
ပို့တဲ့ လက်နက်/ခဲယမ်းတွေကို ISUZU(၂၂) ဘီးတွဲကားနဲ့ သယ်ဆောင်လာကြောင်း သတင်းအတိအကျရလို့ မော်လမြိုင်ဘက်မှ လာတဲ့
ကားတစ်စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရှာဖွေစစ်ဆေးခဲ့ပြီး ဖမ်းလိုက်တယ်လို့ သိရပါတယ်…

၂၂ ဘီးယာဉ်အတွင်း လျှို့ဝှက်သယ်ဆောင်လာတဲ့-

(၁) တူရကီနိုင်ငံထုတ် Commando သေနတ် ၂ လက်
(၂) MK-12………………….၂ လက်
(၃) 12GA MAGNUM ……….၉ လက်
(၄) CZ 22 LR………………၁ လက်
(၅) ဩစတြေးလျနိုင်ငံထုတ် Glock-43 ပစ္စတို….၁ လက်
(၆) အမေရိကန်နိုင်ငံထုတ် Micro ပစ္စတို….၁ လက်
(၇) Sig Sauer ပစ္စတို……………….၃ လက်
(၈) Glock 17 Gen-4 ပစ္စတို…………၁ လက်
လက်နက်စုစုပေါင်း…..၂၀ လက်
ကျည်အိမ်မျိုးစုံ…………….၈၂ ခုနှင့် ၁၂ ဗို့ကျည်………………..၁၂၅၀ တောင့်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ကွင်းဆက်တရားခံတွေကို ဆက်လက်ဖော်ထုတ်ဖမ်းဆီးရမိရေး ဆောင်ရွက်နေပြီး
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ISUZU(၂၂) ဘီးတွဲကားကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ကြောင်း သိရပါတယ်…